မြန်မာနိုင်ငံက သွင်းလာတဲ့ မက်တာဖက်တမင်း ဆေးပြား ၅ သိန်း ၅ သောင်းကျော် ထိုင်းမှာ မိ

0
312

မြန်မာနိုင်ငံကနေ သွင်းလာတဲ့ မက်တာဖက်တမင်း မူးယစ်ဆေးဝါး အပြား ၅ သိန်း ၅ သောင်းကျော်ကို ထိုင်းနိုင်ငံ၊ နခွန်စဝမ်မှာ ဖမ်းမိပြီး လူလေးဦးကိုလည်း ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးရမိသူ လေးဦးစလုံးက ထိုင်းနိုင်ငံသားတွေ ဖြစ်ပြီး နံ့သာဘူရီကို ပို့ဆောင်ဖို့ အသွား မတ်လ ၁၀ ရက်နေ့က ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ချင်းရိုင်ကို ဖြတ်ပြီး တာချီလိတ်ကတဆင့် သွားမယ်လို့ သတင်းရလို့ ဖမ်းဆီးတာဖြစ်ကြောင်း ရဲမှူးချုပ် တာနိုင် အပီချတ်ဆီနီက ပြောပါတယ်။

နံ့သာဘူရီကို ပို့ပေးဖို့ ဘတ် နှစ်သိန်းနဲ့ ငှားရမ်းလို့ ပို့ဆောင်ပေးတာဖြစ်ပြီး ဒီမူးယစ်ဆေးတွေကို ဘန်ကောက်နဲ့ ပစ်ဆန်နလုတ်ကို ပို့မှာဖြစ်တယ်လို့ ဖမ်းဆီးခံရသူတစ်ဦးက ထွက်ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)