ထိုင်းနဲ့ မြန်မာ ပူးပေါင်းပြီး ပထမဆုံး ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်း ဖွင့်

0
315

အာဆီယံမှာ ဆေးရုံတွေအတွက် ဆေးပညာ ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးနေတဲ့ National Healthcare System (N Health) ကုမ္ပဏီ လီမိတက်ဟာ မြန်မာ ကုမ္ပဏီ နှစ်ခုနဲ့ ပူးပေါင်းပြီး လွတ်လပ်သော ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းကို ယမန်နေ့ မတ်လ ၁၂ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။

N Health နဲ့ ပူးပေါင်းတဲ့ ပြည်တွင်း ကုမ္ပဏီတွေကတော့ Sea Lion Group နဲ့ ဗဟိုစည် ဆေးရုံတို့ ဖြစ်ကြပါတယ်။

အိမ်နီးချင်း နိုင်ငံမှာ အစိုးရ လိုင်စင်ရ ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်တာကို ဂုဏ်ယူကြောင်း N Health မန်နေးဂျင်း ဒါရိုက်တာ နာရွန်ဂရစ် ဂါလာပတ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာကို ယုံကြည်ကြောင်း၊ ဝန်ဆောင်မှု တန်ဖိုးကို ဈေးကွက်က အသိအမှတ်ပြုမှာ ဖြစ်ကြောင်း၊ အရည်အသွေးကောင်း ဝန်ဆောင်မှုအတွက် အသုံးပြုကြလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ အတွေ့အကြုံအရ ပြောရရင် ဈေးကွက် ကျယ်ပြန့်လာမယ်လို့ ပြောနိုင်ကြောင်းလည်း သူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)