ရခိုင်ပြည်နယ် မွတ်စလင်အရေး မြန်မာအစိုးရ အကောင်းဆုံး ကိုင်တွယ်မယ်လို့ ယုံကြည်ကြောင်း မလေးရှားပြော

0
316

နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆို ဝေဖန်နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဟာ အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မလေးရှားက ပြောဆိုလိုက်ပါတယ်။

ပုံစာ – မလေးရှား ဒု နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆရီ ရီဇယ် မာရီကန် နိုင်နာ မာရီကန်

 

ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ မြန်မာအစိုးရကို အခွင့်အရေး ပေးသင့်တယ်၊ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ မြန်မာ အစိုးရဟာ ရခိုင်ဒေသမှာ တည်ငြိမ်အောင် ကြိုးပမ်းနေတယ်လို့ မလေးရှား ဒု နိုင်ငံခြားရေး ဝန်ကြီး ဒါတွတ် ဆရီ ရီဇယ် မာရီကန် နိုင်နာ မာရီကန်က ပြောပါတယ်။

တစ်နှစ်သက်တမ်းပဲ ရှိသေးတဲ့ အစိုးရအနေနဲ့ လုပ်ဆောင်မှုတွေက လမ်းခုလတ်မှာပဲ ရှိသေးကြောင်းနဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ တစ်ရက်နဲ့ ပြီးတဲ့ ကိစ္စမဟုတ်ကြောင်း၊ ရောမမြို့ကို တစ်ရက်တည်းနဲ့ ဆောက်လို့ မရကြောင်းလည်း ဒုဝန်ကြီး မာရီကန်က ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)