အင်တာနက် ရုပ်သံ ဝန်ဆောင်မှု iflix မြန်မာပြည်မှာ စမယ်

0
297

အာရှဒေသမှာ အသုံးများတဲ့ အင်တာနက် ရုပ်သံ ဝန်ဆောင်မှု iflix ကို မြန်မာပြည်မှာလည်း တိုးချဲ့တော့မှာ ဖြစ်ပါတယ်။

iflix မြန်မာ ဒေသဆိုင်ရာ မန်နေဂျာ ဖြစ်သူ အက်ဒီယာနာ ဂရင်းလီက မိုဘိုင်းကနေ မှာယူကြည့်ရှုနိုင်မယ့်၊ အသစ်အဆန်းဖြစ်စေမယ့် ဖျော်ဖြေရေးတွေ ပေးဖို့ ရည်ရွယ်ပါတယ်လို့ ပြောပါတယ်။

မြန်မာပြည်ဟာ စတုတ္ထမြောက် ကျယ်ပြန့်မှု အမြန်ဆုံး မိုဘိုင်းဈေးကွက်နေနဲ့ သံသယရှိစရာ မလိုတဲ့ စိတ်လှုပ်ရှားဖွယ် နိုင်ငံတခု ဖြစ်ကြောင်းနဲ့ iflix ဟာ ပထမဦးဆုံးသော ဝန်ဆောင်မှုအနေနဲ့ မိတ်ဆက်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ မတ်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

iflix ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ အခြေစိုက်ဖြစ်ပြီး အရှေ့တောင်အာရှ တခွင်မှာ ဈေးကွက် ၁၀ ခု ဖြန့်ကျက်ထားပါတယ်။ နောက်ဆုံး တိုးချဲ့ထားတဲ့ ဈေးကွက်တွေကတော့ ပါကစ္စတန်နဲ့ ဗီယက်နမ်ဖြစ်ပါတယ်။

iflix ဟာ အရှေ့အလယ်ပိုင်း ဒေသနဲ့ မြောက်အာဖရိကအထိပါ တိုးချဲ့ဖို့ အစီအစဉ် ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)