တက္ကသိုလ်ဝင်တန်း သင်္ချာ မေးခွန်းအတွက် မေးခွန်းထုတ်သူတွေ တာဝန်ယူသင့်

0
286

တက္ကသိုလ်ဝင်တန်း သင်္ချာ မေးခွန်းမှာ ဖြေဆိုသူ ကျောင်းသား ကျောင်းသူ နားလည်အောင် မေးခွန်းထုတ်ထားခြင်း မရှိတဲ့အတွက် မေးခွန်းထုတ်သူတွေ တာဝန်ယူရမယ်လို့ သင်္ချာဘာသာပြ ကျောင်းဆရာတွေက ပြောပါတယ်။

သင်္ချာ မေးခွန်းမှာ အမှတ် ၂၀ ကျော်ဖိုး မှားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် မေးခွန်းထုတ်မှုအပေါ် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။

မေးခွန်းကို ကျောင်းသား ကျောင်းသူတွေ ဖြေနိုင်ကောင်း ဖြေနိုင်မှာ ဖြစ်ပြီး အဖြေထွက်ပေမယ့် သီအိုရီ သဘောတရားအရ ကြည့်ပြန်တော့လည်း မှားနေတယ်လို့ သင်္ချာဆရာတစ်ဦးဖြစ်သူ ဦးထွန်းဝေက ပြောပါတယ်။

ဘာကို မေးတယ်ဆိုတာကို တိကျတဲ့ လမ်းညွှန်ချက် မပါတဲ့အတွက် ဖြေဆိုတဲ့ကျောင်းသား ကျောင်းသူကို ဘယ်လို အမှန်ပေး၊ အမှတ်ပေးမလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဦးထွန်းဝေက ဆိုပါတယ်။

သင်္ချာဘာသာ ရမှတ်ဟာ တချို့ သက်မွေးဝမ်းကြောင်း ဘာသာရပ်တွေကို ဆက်လက်သင်ကြားလိုသူတွေ အတွက် အရေးကြီးတာကြောင့် မေးခွန်းထုတ်သူတွေ ဘယ်လို တာဝန်ယူကြမလဲဆိုတာလဲ ဝေဖန်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)