စော်ကားတဲ့ ထိုင်းအော်ပရာ ဇာတ်ကြောင့် မြန်မာလူမျိုးတချို့ ဒေါသပေါက်ကွဲ

0
312

မြန်မာနန်းတော်အကြောင်း ရိုက်ကူးတင်ဆက်တဲ့ ထိုင်းအော်ပရာဇာတ်ကြောင့် မြန်မာနောက်ဆုံးဘုရင် သီပေါမင်းရဲ့အဆက်အနွယ်တော်တွေ အပါအ၀င် မြန်မာတချို့ကို ဒေါသပေါက်ကွဲစေခဲ့ပါတယ်။

မြန်မာဘုရင် သီပေါမင်းရဲ့ အနွယ်တော်တစ်ဦးဖြစ်တဲ့ ဦးစိုးဝင်းက အဆိုပါအော်ပရာဟာ စော်ကားမှုတစ်ခုဖြစ်နေတာကြောင့် ဖျက်သိမ်းဖို့ တောင်းဆိုလိုက်ပါတယ်။

ဒါပေမဲ့ သမိုင်းဆိုင်ရာ ဒရာမာဇာတ်ကို ထုတ်လုပ်သူတွေက ဒီအော်ပရာကို “A Lady’s Flames” လို့ အမည်ပေးထားပြီး စိတ်ကူးနဲ့ ဖန်တီးမှုသက်သက်သာ ဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ သူတို့နိုင်ငံရဲ့ပဒေသရာဇ်မင်းဆက်ကိုတော့ ပုံတူသရုပ်ဖော်တာ၊ သတင်းတင်ပြတာတွေကို တင်းတင်းကြပ်ကြပ် ဥပဒေနဲ့ ပိတ်ပင် တင်းကြပ်ထားပါတယ်။

“ ကျုပ်တို့က ဒါကို ထိုင်းတွေကို မေးတယ်။ ကျုပ်တို့ကုမ္ပဏီတစ်ခုက သူတို့တိုင်းပြည်နဲ့ ပတ်သက်ပြီးအခုလို လုပ်မယ်ဆိုရင် လက် သင့်ခံမလားဆိုတာကိုပေါ့” လို့ ဦးစိုးဝင်းက ပြောကြားခဲ့ပါတယ်။

ထိုင်းထုတ်လုပ်သူတွေက စိတ်ကူးယဉ်ဖန်တီးမှု သက်သက်ပါလို့ ပြောပေမယ့် ဗမာနိုင်ငံရဲ့ သွေးစွန်းခဲ့တဲ့ ၁၉ ရာစု နန်းတွင်းရေးနဲ့ အဲဒီအော်ပရာက ကွက်တိတူညီမှုရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)