ပဲခူးတိုင်းဒေသကြီး၊ ဖြူးချောင်း ရေလွှဲဆည်မှာ လူငယ်တစ်ဦး ရေနစ်သေဆုံး

0
351

ပဲခူးတိုင်းဒေသကြီး၊ ဖြူးချောင်းရေလွှဲဆည်မှာ မတ်လ ၁၁ ရက်နေ့ နေ့လယ် ၃ နာရီ ၀န်းကျင်လောက်က လူငယ်တစ်ဦး ရေနစ်သေဆုံးမှု
ဖြစ်ပွားခဲ့ပါတယ်။

ရေနစ်သေဆုံးသူမှာ ဖြူးမြို့နယ်၊ သိမ်ကုန်းရပ်ကွက်နေ ဟိန်းကိုကို (၁၅) နှစ် ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ သေဆုံးသူ ဟိန်းကိုကိုက ဘူတာမြောက်ရပ်ကွက်နေ ညီညီ (၁၅)နှစ်၊ ဖြူးအရှေ့အုပ်စု နတ်ရေကန်ရွာနေ စောလွင်မိုး (၁၅)နှစ်၊ သိမ်ကုန်း ရပ်ကွက်နေ နေလင်းထက် (ခေါ်) မင်းမြတ်သူ (၁၅) နှစ် တို့နဲ့အတူ ရေလွှဲဆည် ကို သွားရောက်ပြီး ရေကစားနေရင်းနဲ့ ရေနစ်သေဆုံးခဲ့တာဖြစ်ပါတယ်။

ဟိန်းကိုကို သေဆုံးခြင်းနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် ကို စုံစမ်းစစ်ဆေးပေးရန် ဒုရဲအုပ် မင်းမင်းဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဖြူးမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၄ / ၂၀၁၇ အရ အမှုဖွင့်အရေးယူ ထားပြီ ဖြစ်ပါတယ်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)