ဗန်းမောက်မြို့နယ်မှာ တရားမဝင် ရွှေမျှောတွေနဲ့ စက်ပစ္စည်းတွေကို ဖမ်းဆီး

0
299

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် အရှေ့တောင်ဘက် တောင်ချောင်းပေါက်ကျေးရွာအနီးမှာ မတ်လ ၁၂ ရက်နေ့က တရားမဝင်ရွှေမျှောတွေနဲ့ စက်ပစ္စည်းတွေကို ရဲတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

တရားမဝင်ရွှေမျှော လုပ်ကိုင်သူ အမျိုးသား(၄)ဦး၊ အမျိုးသမီး(၁)ဦးနဲ့ ဘက်ဖိုးယာဉ်(၂)စီ၊ ရွှေမျှောတိုက်ရာမှာ အသုံးပြုတဲ့ ရွှေမှုံစုပ်စက်မျိုးစုံ (၁၅ )လုံး၊ ဆိုင်ကယ် (၁၂) စီး၊ ဒီဇယ်ပေပါ (၂၉ )လုံး စုစုပေါင်း ကာလတန်ဖိုး ငွေကျပ် သိန်း (၂၀၀၀) နီးပါး ဖမ်းဆီးရမိခဲ့တာပါ။

အခုလို တရားမဝင်ရွှေတူးဖော်နေသူ (၅)ဦးကို ဗန်းမောက်မြို့နယ် ရဲစခန်းက အမှုဖွင့်အရေးယူထားပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)