ဘုရားဖူးယာဉ် တိမ်းမှောက်လို့ လူလေးဦးသေဆုံး

0
283

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးမှာ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ဘုရားဖူးယာဉ် တိမ်းမှောက်လို့ လူလေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

တိမ်းမှောက်ခဲ့တဲ့ယာဉ်ဟာ အင်းတော်ကြီးဘုရားပွဲကနေ အပြန် အခုလိုတိမ်းမှောက်တာလည်း ဖြစ်တယ်လို့ မိုးညှင်းမြို့မရဲစခန်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းစဉ်မှာ အခုလို ပြောဆိုခဲ့တာပါ။

ကသာမြို့နယ် ပုလွေရွှေ အုပ်စုရွာသစ် ကျေးရွာနေသူ ကိုသန့်ဇင်ထွန်းက တိမ်းမှောက်ခဲ့တဲ့ယာဉ်ကို မောင်နင်ခဲ့တာဖြစ်ပြီး အရှိန်မထိန်းနိုင်တဲ့ အတွက် အခုလို တိမ်းမှောက်ခဲ့တာပါ။

အဲဒီယာဉ်ပေါ်မှာခရီးသည်(၃၃)ဦး စီးနင်းလိုက်ပါခဲ့ပြီး လူလေဦးသေဆုံးခဲ့သလို ခရီးသည်အကုန်နီးပါး ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)