လှိုင်သာယာမြို့နယ် ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ဗိုလ်ချုပ်ကြေးရုပ်တု ဖွင့်လှစ်

0
158

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို လှိုင်သာယာမြို့နယ်၊ ဘီအိုစီမီးပွိုင့်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်ထောင်စု ရှေ့ဆောင်လမ်းပြ၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီး၊ မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့  တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်ပြည့် မွေးနေ့မှာ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဖွင့်လှစ်နိုင်ခြင်း ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။


လှိုငသြာယာမှို့နယြ ဗိုလခြွုပအြောငဆြနြးပနြးခှံမှာ ဗိုလခြွုပကြှေးရုပတြု ဖှင့လြှဈ

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်မွေးနေ့မှာ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို လှိုင်သာယာမြို့နယ်၊ ဘီအိုစီမီးပွိုင့်အနီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံမှာ ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်ထောင်စု ရှေ့ဆောင်လမ်းပြ၊ လွတ်လပ်ရေးရဲ့ ဖခင်ကြီး၊ မြန်မာ့တပ်မတော်ကို ထူထောင်ခဲ့တဲ့ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၅) နှစ်ပြည့် မွေးနေ့မှာ ဂုဏ်ကျေးဇူးကို အသိအမှတ် ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုကို ဖွင့်လှစ်နိုင်ခြင်း ဖြစ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြော်အမြင်ကြီးတဲ့ ဦးဆောင်မှုအောက်မှာ တစ်ပေါင်းတစ်စည်းတည်း လွတ်လပ်ရေး ရယူနိုင်ဖို့အတွက် ကြိုးပမ်းခဲ့ကြကြောင်း၊ ဒါကြောင့်မို့ ပင်လုံစာချုပ်ကို တိုင်းရင်းသား ခေါင်းဆောင်များနဲ့ အတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ အခု ကြုံနေရတဲ့ ပြည်တွင်းစစ်မီးတွေ ငြိမ်းနိုင်ဖို့၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တည်ဆောက်နိုင်ဖို့၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်နိုင်ဖို့ အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာနိုင်ဖို့ ကိစ္စရပ်တွေက မိမိတို့ နိုင်ငံရဲ့ လတ်တလော လိုအပ်နေတဲ့ အခြေအနေဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ် ။