ဗိုလ်ချုပ် ရည်ရွယ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့ ပြည်သူလူထုနဲ့ အတူ လျှောက်လမ်းသွားမယ်

0
220

 

အစိုးရအနေနဲ့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းနေကြောင်း၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို အစိုးရနဲ့အတူ ပြည်သူလူထုကြီးကပါ လိုက်နာ အကောင်အထည်ဖော်ရင်း ဗိုလ်ချုပ်ကို မမေ့သေးကြောင်းပြသကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းအဝိုင်းမှာ ဖွင့်လှစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။


ဗိုလခြွုပြ ရညရြှယမြွှောမြှနြးခဲ့တဲ့ ဒီမိုကရစေီ ဖကဒြရယပြှညထြောငစြု ဖှဈဖို့ ပှညသြူလူထုနဲ့ အတူ လွှောကလြမြးသှားမယြ

အစိုးရအနေနဲ့ အမျိုးသားအာဇာနည် ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ မျှော်မှန်းခဲ့တဲ့အိမ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းနေကြောင်း၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ မူဝါဒ၊ ဗိုလ်ချုပ်မျှော်မှန်းခဲ့တဲ့ ပန်းတိုင်ကို အစိုးရနဲ့အတူ ပြည်သူလူထုကြီးကပါ လိုက်နာ အကောင်အထည်ဖော်ရင်း ဗိုလ်ချုပ်ကို မမေ့သေးကြောင်းပြသကြဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းအဝိုင်းမှာ ဖွင့်လှစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားမှာ နိုင်ငံတော်သမ္မတက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ဖို့ သန္နိဋ္ဌာန်ချပြီးဖြစ်ကြောင်း၊ မိုကရေစီထွန်းကားရေး တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန် ရည်သန်ပြီးလည်း ဖြစ်ကြောင်း၊ အခြေခံလူ့အခွင့်အရေးတွေကို အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတေ်ာ ဖြစ်လာစေရန် ရည်ရွယ်ချက်ထားရှိကြောင်း၊ အာဏာရှင်ဆန်ကာ ပြည်သူလူထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုး ပြန်လည်ထွန်းကားခြင်း မရှိစေဖို့လည်း ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့ပါတယ်။