ဂျာမန် ဖိနပ်လုပ်ငန်း Caprice မြန်မာမှာ ရင်းနှီးမြှုပ်နှံမယ်

0
140

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ဈေးကွက်အတွက် ဖိနပ်ထုတ်လုပ်မှု တဖြည်းဖြည်း မြင့်တက်နေရာ တစ်နှစ်ကို ဖိနပ် အရံ ၁ သန်းနီးပါး ထုတ်လုပ်မှု ရှိနေပါတယ်။ အခု ဂျာမန် ဖိနပ်လုပ်ငန်းဖြစ်တဲ့ Caprice က ထိုင်ဝမ်ကုမ္ပဏီ Mountain Top Global လီမီတက်နဲ့ ပူးတွဲပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်မြောက်ဖက်မှာ ဖိနပ်ထုတ် စက်ရုံသစ် တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်ပါတယ်။

ဂျာမန် ဖိနပ်လုပ်ငန်း Caprice က မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ် နည်းပညာဆုံး ဖိနပ်ထုတ် စက်ရုံကို တည်ဆောက်မှာဖြစ်တယ်လို့ Attire Accessories ဖက်ရှင် မဂ္ဂဇင်းက ဖော်ပြပါတယ်။ Caprice ရဲ့ မန်နေးဂျင်း ပါတနာ ဂျူဂျင် ကိုလက်ချ်က ရောင်းရနှုန်း မြင့်တက်လာတာ၊ ထုတ်လုပ်တဲ့ နိုင်ငံတွေ ရွှေ့ပြောင်းတာတွေကြောင့် မြန်မာနိုင်ငံမှာ ဖိနပ်ထုတ်လုပ်မှု တဖြည်းဖြည်းမြှင့်တင်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မှာ အရည်အသွေးမြင့် လယ်သာဖိနပ် အရံ ၂ သန်းအထိ နှစ်စဉ် ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

အခု အသစ်တည်ဆောက်မယ့် စက်ရုံဟာ တစ်လကို ဖိနပ်အရံ ၁ သိန်းခွဲအထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ Caprice ရှူးဖိနပ် ပညာရှင်တွေက စက်ရုံအတွက် ခေါ်ထားတဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးနေကြောင်း၊ ဂျာမနီကနေ မြန်မာနိုင်ငံကို ဗီဒီယို ကွန်ဖရင့်နဲ့ live ဆက်သွယ်မှုတွေ လုပ်နေကြောင်း၊ Caprice က ဘဏ္ဍာရေးနဲ့ အဖွဲ့အစည်းအနေအရ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး စက်ရုံတည်ဆောက်ရေး ကာလက ၂ နှစ် ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။     

ဂြာမနျ ဖိနပျလုပျငနျး Caprice မွနျမာမှာ ရငျးနှီးမွှုပျနှံမယျ

မြန်မာနိုင်ငံမှာ နိုင်ငံတကာ စျေးကွက်အတွက် ဖိနပ်ထုတ်လုပ်မှု တဖြည်းဖြည်း မြင့်တက်နေရာ တစ်နှစ်ကို ဖိနပ် အရံ ၁ သန်းနီးပါး ထုတ်လုပ်မှု ရှိနေပါတယ်။ အခု ဂျာမန် ဖိနပ်လုပ်ငန်းဖြစ်တဲ့ Caprice က ထိုင်ဝမ်ကုမ္ပဏီ Mountain Top Global လီမီတက်နဲ့ ပူးတွဲပြီး ရန်ကုန်တိုင်းဒေသကြီး အနောက်မြောက်ဖက်မှာ ဖိနပ်ထုတ် စက်ရုံသစ် တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်ပါတယ်။

ဂျာမန် ဖိနပ်လုပ်ငန်း Caprice က မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ် နည်းပညာဆုံး ဖိနပ်ထုတ် စက်ရုံကို တည်ဆောက်မှာဖြစ်တယ်လို့ Attire Accessories ဖက်ရှင် မဂ္ဂဇင်းက ဖော်ပြပါတယ်။ Caprice ရဲ့ မန်နေးဂျင်း ပါတနာ ဂျူဂျင် ကိုလက်ချ်က ရောင်းရနှုန်း မြင့်တက်လာတာ၊ ထုတ်လုပ်တဲ့ နိုင်ငံတွေ ရွှေ့ပြောင်းတာတွေကြောင့် မြန်မာနိုင်ငံမှာ ဖိနပ်ထုတ်လုပ်မှု တဖြည်းဖြည်းမြှင့်တင်ဖို့ စီစဉ်နေတာ ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မှာ အရည်အသွေးမြင့် လယ်သာဖိနပ် အရံ ၂ သန်းအထိ နှစ်စဉ် ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောပါတယ်။

အခု အသစ်တည်ဆောက်မယ့် စက်ရုံဟာ တစ်လကို ဖိနပ်အရံ ၁ သိန်းခွဲအထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ Caprice ရှူးဖိနပ် ပညာရှင်တွေက စက်ရုံအတွက် ခေါ်ထားတဲ့ ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးနေကြောင်း၊ ဂျာမနီကနေ မြန်မာနိုင်ငံကို ဗီဒီယို ကွန်ဖရင့်နဲ့ live ဆက်သွယ်မှုတွေ လုပ်နေကြောင်း၊ Caprice က ဘဏ္ဍာရေးနဲ့ အဖွဲ့အစည်းအနေအရ စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး စက်ရုံတည်ဆောက်ရေး ကာလက ၂ နှစ် ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)