7 Day Daily ဂ်ာနယ္ကို အေရးယူေပးဖို႔ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ တုိင္ၾကား

0
1086

7 Day Daily ဂ်ာနယ္ကို သတင္းမီဒီယာဥပေဒနဲ႔ အေရးယူ ေဆာင္ရြက္ေပးဖို႔ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီကို တိုင္ၾကားလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၉ ရက္ေန႔ ရက္စြဲနဲ႔ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႔မွဴး ဒုတိယရဲမွဴးႀကီးျမင့္ေထြးက လက္မွတ္ေရးထိုးၿပီး တိုင္ၾကားလိုက္တာပါ။

အဲ့ဒီတိုင္ၾကားစာထဲမွာေတာ့ Reuters သတင္းေထာက္ ႏွစ္ဦးကိစၥနဲ႔ပတ္သက္ၿပီး ဇန္န၀ါရီလ ၂၃ ရက္ေန႔ တရားခြင္ ထြက္ဆိုမႈေတြနဲ႔ ဇန္န၀ါရီလ ၂၄ ရက္ေန႔ထုတ္ 7 Day Daily ဂ်ာနယ္မွာ ေဖာ္ျပခ်က္ေတြဟာ ကြဲလြဲမႈေတြ ရွိေနတဲ့အျပင္ သတင္းမီဒီယာက်င့္၀တ္နဲ႔ ကိုက္ညီမႈမရွိပဲ ပုဂၢိဳလ္တစ္ဦး၊ အဖြဲ႔အစည္းတစ္ခုရဲ႕ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့ အေရးအသားမ်ိဳးေတြပါ၀င္တယ္ ဆိုၿပီးတိုင္ၾကားထာပါ။

အဲ့ဒီတုိင္ၾကားလႊာထဲမွာေတာ့ ဥပေဒပါ ျပဌာန္းခ်က္အရ ႏိုင္ငံေတာ္သမၼတရဲ႕ အခြင့္အာဏာအပ္ႏွင္းခံရၿပီး တရားလိုျပဳလုပ္ရတဲ့ သေဘာ မသက္ေရာက္ပဲ ဒုတိယသမၼတ (၁) ဦးျမင့္ေဆြရဲ႕ ခြင့္ျပဳခ်က္နဲ႔သာ တရားစြဲဆိုခဲ့တယ္ဆိုတဲ့ 7 Day Daily ဂ်ာနယ္ရဲ႕ ေဖာ္ျပမႈဟာ ကြဲလြဲေၾကာင္းနဲ႔ တျခားေဖာ္ျပမႈေတြမွာလည္း လြဲမွားမႈေတြရွိတယ္လို႔ ေဖာ္ျပထားတာပါ။

ဒါေၾကာင့္ 7 Day Daily သတင္းစာရဲ႕ ေဖာ္ျပမႈေတြဟာ ႏိုင္ငံေတာ္အႀကီးအကဲေတြနဲ႔ ျမန္မာႏိုင္ငံရဲတပ္အဖြဲ႔အေပၚ ျပည္သူေတြရဲ႕ အထင္အျမင္လြဲမွားေစႏိုင္ၿပီး ဂုဏ္သိကၡာက်ဆင္းေစတဲ့အျပင္ နစ္နာမႈေတြ ရွိေနတာေၾကာင့္ သတင္းမီဒီယာဥပေဒနဲ႔အညီ အေရးယူေဆာင္ရြက္ေပးဖို႔ တိုင္ၾကားထားတာပါ။

မန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီရဲ႕ အတြင္းေရးမွဴး ဦးေက်ာ္စြာမင္းကေတာ့ တိုင္ၾကားလႊာကို ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က လက္ခံရရွိထားၿပီး ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔က တိုင္ထားတဲ့ အခ်က္အလက္ ဟုတ္ မဟုတ္ စိစစ္မႈေတြ ျပဳလုပ္ဖို႔ရွိၿပီး အဲ့ဒီေနာက္မွာေတာ့ တိုင္ၾကားခံရတဲ့ 7 Day Daily သတင္းစာက တာ၀န္ရွိသူေတြကို ေခၚယူကာ ေျဖရွင္းခ်က္ကို ရယူသြားမယ္လို႔လည္း ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

7 Day Daily ဂျာနယ်ကို အရေးယူပေးဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တိုင်ကြား

7 Day Daily ဂျာနယ်ကို သတင်းမီဒီယာဥပဒေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကို တိုင်ကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်ထွေးက လက်မှတ်ရေးထိုးပြီး တိုင်ကြားလိုက်တာပါ။

အဲ့ဒီတိုင်ကြားစာထဲမှာတော့ Reuters သတင်းထောက် နှစ်ဦးကိစ္စနဲ့ပတ်သက်ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ တရားခွင် ထွက်ဆိုမှုတွေနဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့ထုတ် 7 Day Daily ဂျာနယ်မှာ ဖော်ပြချက်တွေဟာ ကွဲလွဲမှုတွေ ရှိနေတဲ့အပြင် သတင်းမီဒီယာကျင့်ဝတ်နဲ့ ကိုက်ညီမှုမရှိပဲ ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အရေးအသားမျိုးတွေပါဝင်တယ် ဆိုပြီးတိုင်ကြားထာပါ။

အဲ့ဒီတိုင်ကြားလွှာထဲမှာတော့ ဥပဒေပါ ပြဌာန်းချက်အရ နိုင်ငံတော်သမ္မတရဲ့ အခွင့်အာဏာအပ်နှင်းခံရပြီး တရားလိုပြုလုပ်ရတဲ့ သဘော မသက်ရောက်ပဲ ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေရဲ့ ခွင့်ပြုချက်နဲ့သာ တရားစွဲဆိုခဲ့တယ်ဆိုတဲ့ 7 Day Daily ဂျာနယ်ရဲ့ ဖော်ပြမှုဟာ ကွဲလွဲကြောင်းနဲ့ တခြားဖော်ပြမှုတွေမှာလည်း လွဲမှားမှုတွေရှိတယ်လို့ ဖော်ပြထားတာပါ။

ဒါကြောင့် 7 Day Daily သတင်းစာရဲ့ ဖော်ပြမှုတွေဟာ နိုင်ငံတော်အကြီးအကဲတွေနဲ့ မြန်မာနိုင်ငံရဲတပ်အဖွဲ့အပေါ် ပြည်သူတွေရဲ့ အထင်အမြင်လွဲမှားစေနိုင်ပြီး ဂုဏ်သိက္ခာကျဆင်းစေတဲ့အပြင် နစ်နာမှုတွေ ရှိနေတာကြောင့် သတင်းမီဒီယာဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားထားတာပါ။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရဲ့ အတွင်းရေးမှူး ဦးကျော်စွာမင်းကတော့ တိုင်ကြားလွှာကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်ခံရရှိထားပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တိုင်ထားတဲ့ အချက်အလက် ဟုတ် မဟုတ် စိစစ်မှုတွေ ပြုလုပ်ဖို့ရှိပြီး အဲ့ဒီနောက်မှာတော့ တိုင်ကြားခံရတဲ့ 7 Day Daily သတင်းစာက တာဝန်ရှိသူတွေကို ခေါ်ယူကာ ဖြေရှင်းချက်ကို ရယူသွားမယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)