
0
958


EPA-EFE/NYEIN CHAN NAING



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဆိုးကျိုးတွေ ရင်ဆိုင်နေရ

မတူကွဲပြားမှုတွေကို ပေါင်းစည်းပြီး အင်အားအဖြစ် မပြောင်းလဲနိုင်ခဲ့တဲ့ ဆိုးကျိုးတွေကို ရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ MICC II မှာပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက် တာပါ။

ဒီလိုပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာရဲ့ အလယ်မှာ ဖိအားပေါင်းများစွာ၊ ဝေဖန်မှုပေါင်းများစွာနဲ့ ရင်ဆိုင်နေရသလို ပြည်တွင်းမှာလည်း သဘောထားကွဲလွဲမှု တွေနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)