တိုင္းရင္းသား ၂ ဖြဲ႕ NCA မွာ ပါ၀င္လာတဲ့အေပၚ အေမရိကန္ႀကိဳဆို

0
984

မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္အစည္းအ႐ုံး (LDU) တို႔ NCA သေဘာတူ စာခ်ဳပ္မွာ ပါဝင္လက္မွတ္ေရးထုိးခဲ့တဲ့အေပၚ ႀကဳိဆုိေၾကာင္း အေမရိကန္အစိုးရက ထုတ္ေဖာ္ေျပာၾကား လိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က ေနျပည္ေတာ္ရွိ MICC II မွာျပဳလုပ္တဲ့ တစ္ႏိုင္ငံလံုး ပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးတဲ့ အခမ္းအနားအၿပီး ျမန္မာႏိုင္ငံဆုိင္ရာ အေမရိကန္သံ႐ံုးက ေၾကညာခ်က္ ထုတ္ျပန္ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ အခုလို လက္မွတ္ေရးထိုးတာဟာ ျမန္မာႏိုင္ငံအတြက္ ေရရွည္တည္တံ့တဲ့ ၿငိမ္းခ်မ္းေရး ခရီးရွည္အတြက္ ေျခလွမ္းမ်ားစြာထဲမွ တစ္ခုျဖစ္အျဖစ္ အေမရိကန္ ျပည္ေထာင္စုအေနနဲ႔ အသိအမွတ္ျပဳတယ္လို႔ဆိုတာပါ။

ဒါ့အျပင္ လက္မွတ္ေရးထိုးခဲ့ၾကတဲ့ သူေတြ အားလံုးအေနနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဆက္လက္ေရွ႕တုိး ေဆာင္ရြက္ဖို႔နဲ႔ ျမန္မာႏုိင္ငံအတြင္းရွိ လူမႈအသုိက္အဝန္းအားလုံးရဲ႕ အခြင့္အေရးေတြကုိ အကာအကြယ္ေပးတဲ့ ဖက္ဒရယ္ျပည္ေထာင္စုႀကီးတစ္ရပ္ ဖန္တီးႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္တယ္ လို႔လည္း ေျပာၾကားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းရင်းသား ၂ ဖွဲ့ NCA မှာ ပါဝင်လာတဲ့အပေါ် အမေရိကန်ကြိုဆို

မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ NCA သဘောတူ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့အပေါ် ကြိုဆိုကြောင်း အမေရိကန်အစိုးရက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ MICC II မှာပြုလုပ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ အခမ်းအနားအပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာချက် ထုတ်ပြန်ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အခုလို လက်မှတ်ရေးထိုးတာဟာ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ခရီးရှည်အတွက် ခြေလှမ်းများစွာထဲမှ တစ်ခုဖြစ်အဖြစ် အမေရိကန် ပြည်ထောင်စုအနေနဲ့ အသိအမှတ်ပြုတယ်လို့ဆိုတာပါ။

ဒါ့အပြင် လက်မှတ်ရေးထိုးခဲ့ကြတဲ့ သူတွေ အားလုံးအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်ရှေ့တိုး ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုက်အဝန်းအားလုံးရဲ့ အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတစ်ရပ် ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)