NCA ဟာ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ရဲ႕အစလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
851

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ဟာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ ႏိုင္ငံေရး ေဆြးေႏြးပြဲ၊ လက္နက္ကိုင္ပဋိပကၡ ေလွ်ာ့ခ်ေရးတို႔ရဲ႕ အစျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ေတြ႔ဆုံ ေဆြးေႏြးမႈေတြက တစ္ဆင့္ ႏိုင္ငံေရး ျပႆနာေတြကို ညွိႏႈိင္းတိုင္ပင္ အေျဖရွာမယ့္ ႏိုင္ငံေရးျဖစ္စဥ္ရဲ႕ အစပဲ ျဖစ္ပါတယ္လို႔ ဒီေန႔ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ NCA မွာ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမုိကရက္တစ္ အစည္းအ႐ံုးတို႔ ပါဝင္ လက္မွတ္ေရးထိုးပြဲ အခမ္းအနားမွာ ေျပာသြားတာ ျဖစ္ပါတယ္။

အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က အမ်ိဳးသားညီၫြတ္ေရးရဲ႕ အစနိဒါန္းျဖစ္တဲ့ NCA ကို မ်က္ေမွာက္ျပဳၾကဖို႔ ေလးေလးနက္နက္ တိုက္တြန္းလိုေၾကာင္းလည္း ေျပာသြားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA ဟာ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့အစလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နိုင်ငံရေး ဆွေးနွေးပွဲ၊ လက်နက်ကိုင်ပဋိပက္ခ လျှော့ချရေးတို့ရဲ့ အစဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

တွေ့ဆုံ ဆွေးနွေးမှုတွေက တစ်ဆင့် နိုင်ငံရေး ပြဿနာတွေကို ညှိနှိုင်းတိုင်ပင် အဖြေရှာမယ့် နိုင်ငံရေးဖြစ်စဉ်ရဲ့ အစပဲ ဖြစ်ပါတယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပြောသွားတာ ဖြစ်ပါတယ်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားညီညွတ်ရေးရဲ့ အစနိဒါန်းဖြစ်တဲ့ NCA ကို မျက်မှောက်ပြုကြဖို့ လေးလေးနက်နက် တိုက်တွန်းလိုကြောင်းလည်း ပြောသွားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)