လက္နက္္ကိုင္ လမ္းစဥ္အေပၚ သံေယာဇဥ္ျဖတ္ေတာက္ဖို႔လိုဟု ကာခ်ဳပ္ဆို

0
1027

ႏွစ္ေပါင္း ၆၀ ေက်ာ္ ၇၀ နီးပါး ရွိခဲ့တဲ့ လက္နက္္ကိုင္ လမ္းစဥ္အေပၚ သံေယာဇဥ္ျဖတ္ေတာက္ဖို႔ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာၾကားလိုက္ပါတယ္။

EPA/HEIN HTET

ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ မြန္ျပည္သစ္ပါတီ (NMSP) နဲ႔ လားဟူဒီမိုကရက္တစ္အစည္းအ႐ံုး (LDU) တို႔ တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ NCA လက္မွတ္ေရးထိုးတဲ့ အခမ္းအနားမွာ ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ဒီမိုကေရစီ စနစ္ရဲ႕ ဆန္႔က်င္ဘက္ျဖစ္တဲ့ လက္နက္စြဲကိုင္ၿပီး မိမိတို႔ရဲ႕ လိုအင္ဆႏၵေတြကို ေတာင္းဆိုလို႔မရေၾကာင္း နားလည္သေဘာေပါက္ၾကဖို႔ကိုလည္း ကာကြယ္ေရး ဦးစီးခ်ဳပ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီဖက္ဒရယ္ျပည္ေထာင္စု ထူေထာင္ႏိုင္ဖို႔ ပထမဆံုး ေျခလွမ္းအေနနဲ႔ NCA မွာ လက္မွတ္ေရးထိုးၾကဖို႔ကိုလည္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လက်နက်ကိုင် လမ်းစဉ်အပေါ် သံယောဇဉ်ဖြတ်တောက်ဖို့လိုဟု ကာချုပ်ဆို

နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ရှိခဲ့တဲ့ လက်နက်ကိုင် လမ်းစဉ်အပေါ် သံယောဇဉ်ဖြတ်တောက်ဖို့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ဒီမိုကရေစီ စနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး မိမိတို့ရဲ့ လိုအင်ဆန္ဒတွေကို တောင်းဆိုလို့မရကြောင်း နားလည်သဘောပေါက်ကြဖို့ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ဖို့ ပထမဆုံး ခြေလှမ်းအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးကြဖို့ကိုလည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)