NCA က စတင္ျခင္း အသစ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

0
881

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) ဟာ လက္နက္ကိုင္ ပဋိပကၡေတြ ေလ်ာ့နည္းသြားေအာင္၊ အျငင္းပြားမႈေတြ ေပၚေပါက္လာခဲ့ရင္ လက္နက္ကိုင္ၿပီး ေျဖရွင္းခဲ့တဲ့ အေျခအေနကေန စားပြဲဝိုင္းမွာ ညွိႏႈိင္းေဆြးေႏြး ေျဖရွင္းႏိုင္ေအာင္ စတင္လိုက္တဲ့ စတင္ျခင္းအသစ္ျဖစ္တယ္လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ဒီေန႔ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ ေနျပည္ေတာ္မွာ က်င္းပတဲ့ NCA မွာ မြန္ျပည္သစ္ပါတီနဲ႔ လားဟူဒီမုိကရက္တစ္ အစည္းအ႐ံုးတို႔ ပါဝင္ လက္မွတ္ေရးထိုးပြဲ အခမ္းအနားမွာ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္က ေျပာသြားတာ ျဖစ္ပါတယ္။

ႏွစ္ဖက္အဖြဲ႔အစည္းေတြအၾကား အျပန္အလွန္ သေဘာတူညီခ်က္ (Bilateral Agreement) ေတြ ရွိခဲ့ေပမယ့္ တစ္ဖက္နဲ႔တစ္ဖက္ အျငင္းပြားဖြယ္ရာေတြ ျဖစ္လာရင္ ဘယ္လို ညွိႏႈိင္းေျဖရွင္းမလဲ ဆိုတာေတြ၊ ညွိႏႈိင္း ေျဖရွင္းေရး ယႏၲရားေတြ မပါေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA က စတင်ခြင်း အသစ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ လက်နက်ကိုင် ပဋိပက္ခတွေ လျော့နည်းသွားအောင်၊ အငြင်းပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင် လက်နက်ကိုင်ပြီး ဖြေရှင်းခဲ့တဲ့ အခြေအနေကနေ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေး ဖြေရှင်းနိုင်အောင် စတင်လိုက်တဲ့ စတင်ခြင်းအသစ်ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ NCA မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာ ဖြစ်ပါတယ်။

နှစ်ဖက်အဖွဲ့အစည်းတွေအကြား အပြန်အလှန် သဘောတူညီချက် (Bilateral Agreement) တွေ ရှိခဲ့ပေမယ့် တစ်ဖက်နဲ့တစ်ဖက် အငြင်းပွားဖွယ်ရာတွေ ဖြစ်လာရင် ဘယ်လို ညှိနှိုင်းဖြေရှင်းမလဲ ဆိုတာတွေ၊ ညှိနှိုင်း ဖြေရှင်းရေး ယန္တရားတွေ မပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)