ျမန္မာျပည္ ေျမပံုကိုလူေတြနဲ႔ ပံုေဖာ္ကာ ဂရင္းနစ္စံခ်ိန္ တင္ေအာင္ၾကိဳးပမ္း (႐ုပ္/သံ)

0
883

ျမန္မာႏိုင္ငံရဲ႕ ေပါင္းစည္းခိုင္မာမႈကို ျပသႏိုင္ဖို႔ရည္ရြယ္ၿပီး မေကြးတိုင္းေဒသႀကီးမွာ ပထမဆုံး ျမန္မာႏိုင္ငံရဲ႕ ေျမပုံအတိုင္းပုံေဖာ္ၿပီး ဂင္းနစ္စံခ်ိန္တင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေကဇြန္ေႏြးက ေပးပို႔ထားပါတယ္။

ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔မွာ က်ေရာက္တဲ့ ၇၁ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အထိမ္းအမွတ္အျဖစ္ မေကြးတုိင္းေဒသႀကီးက ေဘာလုံးကြင္းမွာ လူေပါင္း ၃၄၀၀ နဲ႔ ျမန္မာႏိုင္ငံရဲ႕ ေျမပုံကို ပုံေဖာ္ၿပီး ဂင္းနစ္စံခ်ိန္တင္ဖို႔ ႀကိဳးပမ္းခဲ့တာပါ။ဒီလုပ္ေဆာင္မႈကို ဆက္သြယ္ေရး ကုမၸဏီ Telenor Myanmar က ဦးေဆာင္ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

Soundbite – ဦးညီညီေအာင္ (ဆက္သြယ္ေရးတာ၀န္ခံ) တယ္လီေနာျမန္မာ ဆက္သြယ္ေရးကုမၸဏီ

ဒါ့အျပင္ သမိုင္းမွာ အေရးပါတဲ့ ျပည္ေထာင္စုေန႔မွာ ေပါင္းစည္းခိုင္မာတဲ့ ျမန္မာႏိုင္ငံျဖစ္ေၾကာင္းကို အခုလို လူအမ်ားပါ၀င္ၿပီး ညီညြတ္ခိုင္မာမႈကို ျပသႏိုင္ဖို႔ ရည္ရြယ္တာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

Soundbite – ဦးညီညီေအာင္ (ဆက္သြယ္ေရးတာ၀န္ခံ) တယ္လီေနာျမန္မာ ဆက္သြယ္ေရးကုမၸဏီ

အခုလို ပထမဆုံး ျမန္မာႏိုင္ငံရဲ႕ ေျမပုံအတိုင္း ပုံေဖာ္မႈမွာ ပါ၀င္တဲ့ လူေတြဟာ ၆ မိနစ္ၾကာ မတ္တတ္ရပ္ပါ၀င္ခဲ့ၾကတာျဖစ္ပါတယ္။ ဂင္းနစ္မွတ္တမ္းအဖြဲ႔ကေတာ့ ျမန္မာႏုိင္ငံ ေျမပံုအတုိင္း လူေတြနဲ႔ ဖြဲ႔စည္း ပံုေဖာ္လုပ္ေဆာင္မႈမွာ ပါဝင္မယ့္ အမွန္တကယ္ အေရအတြက္ကို အတည္ျပဳတာ မရိွေသးသလို ႀကိဳးပမ္းမႈ ရလဒ္အေျခေနကိုလည္း ေၾကညာတာ မရွိေသးပါဘူးရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံရဲ့ ပေါင်းစည်းခိုင်မာမှုကို ပြသနိုင်ဖို့ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးမှာ ပထမဆုံး မြန်မာနိုင်ငံရဲ့ မြေပုံအတိုင်းပုံဖော်ပြီး ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေဇွန်နွေးက ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မကွေးတိုင်းဒေသကြီးက ဘောလုံးကွင်းမှာ လူပေါင်း ၃၄၀ဝ နဲ့ မြန်မာနိုင်ငံရဲ့ မြေပုံကို ပုံဖော်ပြီး ဂင်းနစ်စံချိန်တင်ဖို့ ကြိုးပမ်းခဲ့တာပါ။ဒီလုပ်ဆောင်မှုကို ဆက်သွယ်ရေး ကုမ္ပဏီ Telenor Myanmar က ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Soundbite – ဦးညီညီအောင် (ဆက်သွယ်ရေးတာဝန်ခံ) တယ်လီနောမြန်မာ ဆက်သွယ်ရေးကုမ္ပဏီ

ဒါ့အပြင် သမိုင်းမှာ အရေးပါတဲ့ ပြည်ထောင်စုနေ့မှာ ပေါင်းစည်းခိုင်မာတဲ့ မြန်မာနိုင်ငံဖြစ်ကြောင်းကို အခုလို လူအများပါဝင်ပြီး ညီညွတ်ခိုင်မာမှုကို ပြသနိုင်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

Soundbite – ဦးညီညီအောင် (ဆက်သွယ်ရေးတာဝန်ခံ) တယ်လီနောမြန်မာ ဆက်သွယ်ရေးကုမ္ပဏီ

အခုလို ပထမဆုံး မြန်မာနိုင်ငံရဲ့ မြေပုံအတိုင်း ပုံဖော်မှုမှာ ပါဝင်တဲ့ လူတွေဟာ ၆ မိနစ်ကြာ မတ်တတ်ရပ်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဂင်းနစ်မှတ်တမ်းအဖွဲ့ကတော့ မြန်မာနိုင်ငံ မြေပုံအတိုင်း လူတွေနဲ့ ဖွဲ့စည်း ပုံဖော်လုပ်ဆောင်မှုမှာ ပါဝင်မယ့် အမှန်တကယ် အရေအတွက်ကို အတည်ပြုတာ မရှိသေးသလို ကြိုးပမ်းမှု ရလဒ်အခြေနေကိုလည်း ကြေညာတာ မရှိသေးပါဘူးရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)