
0
286





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်အတွင်း နိုင်ငံသား ဖြစ်လာသူ ၁၁၈ ဦး ရှိ

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ် ဧပြီလကနေ ဒီဇင်ဘာလအတွင်း နိုင်ငံသား ဖြစ်လာသူ ၁၁၈ ဦးနဲ့ နိုင်ငံသား ပြုခွင့်ရသူ ၁၀၅ ဦး ရှိခဲ့ပါတယ်။

နိုင်ငံသားပြုခွင့်ရသူရဲ့ အသက် ၁၈ နှစ်အောက် သား၊ သမီးတွေ စာရင်းသွင်းခြင်းမှာ ၁၂၉ ဦး ရှိပြီး နိုင်ငံသားပြုခွင့်ရသူရဲ့ အသက် ၁၈ နှစ်အထက် သား၊ သမီးတွေ စာရင်းသွင်းခြင်း ၁၅ ဦး ရှိခဲ့ပါတယ်။

အသက် ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု ၁၄၈ ဦး၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးမှု ၄၈၀ ဦး ရှိပါတယ်။ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးမှု ၅၁၆၂ ဦး၊ ဘိုင်အို မက်ထရစ် ဒေတာ ကောက်ယူမှု ၈၅၀၁ ဦး၊ ကမန်လူမျိုးတွေကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတာ ၃၃၃၆ ဦး ရှိကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)