ၿခိမ္းေျခာက္မႈ၊ ဖမ္းဆီးမႈေတြေၾကာင့္ သတင္းလြတ္လပ္ခြင့္ ေနာက္ျပန္သြားေန

0
844

ၿခိမ္းေျခာက္မႈ၊ ဖမ္းဆီးမႈနဲ႔ သတင္းရယူခြင့္ ျငင္းပယ္မႈေတြေၾကာင့္ ျမန္မာႏိုင္ငံမွာ သတင္းလြတ္လပ္ခြင့္ဟာ ေနာက္ျပန္သြားေနတယ္လို႔ သတင္းသမားမ်ား ကာကြယ္ေရး ေကာ္မတီ (CPJ) က အစီရင္ခံစာ ထုတ္ျပန္လိုက္ပါတယ္။

မၾကာေသးခင္ကာလက ရထားတဲ့ သတင္းလြတ္လပ္ခြင့္ဟာ လ်င္လ်င္ျမန္ျမန္ ေျပာင္းျပန္ ေရြ႕ေနေၾကာင္း၊ စစ္အစိုးရကေန ျပည္သူေရြးေကာက္တဲ့ အစိုးရကို သိမ္ေမြ႔တဲ့ အကူးအေျပာင္းမွာ မေကာင္းတဲ့ အတိတိနိမိတ္ေတြ ျဖစ္တယ္လို႔ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔က ထုတ္ျပန္တဲ့ CPJ ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အစိုးရဟာ ျပင္းထန္တဲ့ ကိုလိုနီေခတ္ ဥပေဒေတြ၊ စစ္အစိုးရေခတ္ ဥပေဒေတြ အသံုးျပဳၿပီး သတင္းရယူမႈမွာ ဖိႏွိပ္ေနေၾကာင္း၊ စာနယ္ဇင္းသမားေတြက ေဒၚေအာင္ဆန္းစုၾကည္ အာဏာရခ်ိန္မွာ ဒီဥပေဒေတြကို ျပဳျပင္ ေျပာင္းလဲဖို႔ ေမွ်ာ္လင့္ထားေၾကာင္းလည္း အစီရင္ခံစာက ေရးသားထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုတွေကြောင့် သတင်းလွတ်လပ်ခွင့် နောက်ပြန်သွားနေ

ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနဲ့ သတင်းရယူခွင့် ငြင်းပယ်မှုတွေကြောင့် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ နောက်ပြန်သွားနေတယ်လို့ သတင်းသမားများ ကာကွယ်ရေး ကော်မတီ (CPJ) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

မကြာသေးခင်ကာလက ရထားတဲ့ သတင်းလွတ်လပ်ခွင့်ဟာ လျင်လျင်မြန်မြန် ပြောင်းပြန် ရွေ့နေကြောင်း၊ စစ်အစိုးရကနေ ပြည်သူရွေးကောက်တဲ့ အစိုးရကို သိမ်မွေ့တဲ့ အကူးအပြောင်းမှာ မကောင်းတဲ့ အတိတိနိမိတ်တွေ ဖြစ်တယ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ CPJ ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အစိုးရဟာ ပြင်းထန်တဲ့ ကိုလိုနီခေတ် ဥပဒေတွေ၊ စစ်အစိုးရခေတ် ဥပဒေတွေ အသုံးပြုပြီး သတင်းရယူမှုမှာ ဖိနှိပ်နေကြောင်း၊ စာနယ်ဇင်းသမားတွေက ဒေါ်အောင်ဆန်းစုကြည် အာဏာရချိန်မှာ ဒီဥပဒေတွေကို ပြုပြင် ပြောင်းလဲဖို့ မျှော်လင့်ထားကြောင်းလည်း အစီရင်ခံစာက ရေးသားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)