ဒုကၡသည္ေတြကို လက္ခံထားလို႔ ေက်းဇူးတင္ေၾကာင္း ဘဂၤလားေဒ့ရွ္ကို ပုပ္ရဟန္းမင္းႀကီး ေျပာ

0
902

ရခိုင္ျပည္နယ္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြကို လက္ခံထားတဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္က ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ ရွိတ္ခ္ ဟာစီနာကို ေျပာပါတယ္။

မေန႔က ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ ဗာတီကန္ရွိ အပိုစတိုလစ္ နန္းေတာ္မွာ ပုပ္ရဟန္းမင္းႀကီးနဲ႔ ဝန္ႀကီးခ်ဳပ္ ဟာစီနာတို႔ ေတြ႔ဆံုစဥ္ အခုလို ေျပာဆုိခဲ့တာ ျဖစ္ေၾကာင္း ဗာတီကန္ အတြင္းေရးမႉး ကာဒီနယ္ ေပထ႐ို ပါ႐ိုလင္က ေျပာပါတယ္။

ပုပ္ရဟန္းမင္းႀကီးဟာ ၿပီးခဲ့ဲတဲ့ ႏွစ္လေက်ာ္က ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံတို႔ကို လာေရာက္ခဲ့ပါတယ္။ ခရီးစဥ္အတြင္းမွာ ျမန္မာႏိုင္ငံက လက္မခံတဲ့ ‘႐ိုဟင္ဂ်ာ’ ဆိုတဲ့ အသံုးကို မသံုးႏႈန္းခဲ့လို႔ ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေကို လက်ခံထားလို့ ကျေးဇူးတင်ကြောင်း ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ပြော

ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လက်ခံထားတဲ့အတွက် ကျေးဇူးတင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကို ပြောပါတယ်။

မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဗာတီကန်ရှိ အပိုစတိုလစ် နန်းတော်မှာ ပုပ်ရဟန်းမင်းကြီးနဲ့ ဝန်ကြီးချုပ် ဟာစီနာတို့ တွေ့ဆုံစဉ် အခုလို ပြောဆိုခဲ့တာ ဖြစ်ကြောင်း ဗာတီကန် အတွင်းရေးမှူး ကာဒီနယ် ပေထရို ပါရိုလင်က ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ပြီးခဲဲ့တဲ့ နှစ်လကျော်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ကို လာရောက်ခဲ့ပါတယ်။ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံက လက်မခံတဲ့ ‘ရိုဟင်ဂျာ’ ဆိုတဲ့ အသုံးကို မသုံးနှုန်းခဲ့လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)