ဒုကၡသည္စခန္းအတြင္း ေထာက္ပံ့ေရးပစၥည္းေတြ ျပန္ေရာင္းခ်တဲ့ ေစ်းကြက္ ျဖစ္ေပၚ

0
1030

ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းေတြမွာ အကူအညီေပးေရး အဖြဲ႔ေတြက ေပးထားတဲ့ စားနပ္ရိကၡာနဲ႔ လူသံုးကုန္ ပစၥည္းေတြ ျပန္လည္ေရာင္းခ်တဲ့ ေစ်းကြက္ ျဖစ္ေပၚေနပါတယ္။

တခ်ိဳ႕က ေထာက္ပံ့ျဖန္႔ေဝထားတဲ့ စားနပ္ရိကၡာေတြကို မစားလိုဘဲ တျခား အစားအေသာက္ ဝယ္စားခ်င္တဲ့ အတြက္ ျပန္လည္ ေရာင္းခ်တာ ျဖစ္ပါတယ္။ လွည့္လည္ေရာင္းခ်သူေတြဆီမွာ UNFPA, IOM, UKAID နဲ႔ UNHCR စတဲ့ ကုလသမဂၢနဲ႔ တျခား အဖြဲ႔အစည္းေတြရဲ႕ တံဆိပ္ပါ စားနပ္ရိကၡာနဲ႔ ကုန္ပစၥည္းေတြ ေတြ႔ရပါတယ္။

ကမာၻ႔စားနပ္ရိကၡာ ပ႐ိုဂရမ္ (WFP) က သူတို႔ဟာ ေနာက္ဆံုးအသုတ္မွာ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္ ၈၈၂၀၀၀ ဦးကို ရိကၡာ ျဖန္႔ေဝေပးထားတယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ လက္ရွိ စားနပ္ရိကၡာေတြရဲ႕ အမ်ိဳးအစားနဲ႔ အာဟာရ ျဖစ္မႈတန္ဖိုးကေတာ့ အကန္႔အသတ္ရွိေနတယ္လို႔ ေျပာပါတယ္။ အသက္ ၆ ႏွစ္ကေန ၅၉ လ အရြယ္အထိ ကေလးေတြဟာ အာဟာရ ခ်ိဳ႕တဲ့မႈ ျဖစ္ေနတယ္လို႔ မႏွစ္က ေလ့လာခဲ့တဲ့ စစ္တမ္းတစ္ခုက ေဖာ္ျပပါတယ္။

ကူညီေထာက္ပံ့ေပးထားတဲ့ အဖြဲ႔အစည္း တံဆိပ္ပါ ပစၥည္းေတြဟာ ဒုကၡသည္စခန္းျပင္ပ ေစ်းကြက္ထဲကိုလည္း ေရာက္ရွိတယ္လို႔ သတင္းရလို႔ စစ္ေဆးသူေတြ ေစလႊတ္ထားေပမယ့္ ပစၥည္းေတြ မေတြ႔ရွိရေၾကာင္း၊ အဲဒီလို ေရာင္းခ်မယ္ဆိုရင္ တရားမဝင္ေၾကာင္း ေကာက္ဘဇားခ႐ိုင္ လက္ေထာက္ ေကာ္မရွင္နာမင္းႀကီး မက္ဒ္ အလီ ေဟာ္စိန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်စခန်းအတွင်း ထောက်ပံ့ရေးပစ္စည်းတွေ ပြန်ရောင်းချတဲ့ ဈေးကွက် ဖြစ်ပေါ်

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းတွေမှာ အကူအညီပေးရေး အဖွဲ့တွေက ပေးထားတဲ့ စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ ပြန်လည်ရောင်းချတဲ့ ဈေးကွက် ဖြစ်ပေါ်နေပါတယ်။

တချို့က ထောက်ပံ့ဖြန့်ဝေထားတဲ့ စားနပ်ရိက္ခာတွေကို မစားလိုဘဲ တခြား အစားအသောက် ဝယ်စားချင်တဲ့ အတွက် ပြန်လည် ရောင်းချတာ ဖြစ်ပါတယ်။ လှည့်လည်ရောင်းချသူတွေဆီမှာ UNFPA, IOM, UKAID နဲ့ UNHCR စတဲ့ ကုလသမဂ္ဂနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ တံဆိပ်ပါ စားနပ်ရိက္ခာနဲ့ ကုန်ပစ္စည်းတွေ တွေ့ရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ ပရိုဂရမ် (WFP) က သူတို့ဟာ နောက်ဆုံးအသုတ်မှာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည် ၈၈၂၀ဝ၀ ဦးကို ရိက္ခာ ဖြန့်ဝေပေးထားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ရှိ စားနပ်ရိက္ခာတွေရဲ့ အမျိုးအစားနဲ့ အာဟာရ ဖြစ်မှုတန်ဖိုးကတော့ အကန့်အသတ်ရှိနေတယ်လို့ ပြောပါတယ်။ အသက် ၆ နှစ်ကနေ ၅၉ လ အရွယ်အထိ ကလေးတွေဟာ အာဟာရ ချို့တဲ့မှု ဖြစ်နေတယ်လို့ မနှစ်က လေ့လာခဲ့တဲ့ စစ်တမ်းတစ်ခုက ဖော်ပြပါတယ်။

ကူညီထောက်ပံ့ပေးထားတဲ့ အဖွဲ့အစည်း တံဆိပ်ပါ ပစ္စည်းတွေဟာ ဒုက္ခသည်စခန်းပြင်ပ ဈေးကွက်ထဲကိုလည်း ရောက်ရှိတယ်လို့ သတင်းရလို့ စစ်ဆေးသူတွေ စေလွှတ်ထားပေမယ့် ပစ္စည်းတွေ မတွေ့ရှိရကြောင်း၊ အဲဒီလို ရောင်းချမယ်ဆိုရင် တရားမဝင်ကြောင်း ကောက်ဘဇားခရိုင် လက်ထောက် ကော်မရှင်နာမင်းကြီး မက်ဒ် အလီ ဟော်စိန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)