ေျမာင္းျမၿမိဳ႕မွာ ဆိုင္ကယ္တြန္းလဲွၿပီး ေငြက်ပ္ ၉ သိန္းေက်ာ္ လုယူထြက္ေျပး

0
917

ဧရာဝတီတိုင္း၊ ေျမာင္းျမၿမိဳ႕မွာ ေဖေဖာ္၀ါရီလ ၁၁ ရက္ေန႔ ည ၉ နာရီအခ်ိန္မွာ ေဒၚေဌးေဌးျမင့္ (၅၇ ႏွစ္) နဲ႔ ေျမးျဖစ္သူ မအိမ့္မွဴးရတီ (၆ ႏွစ္)၊ သမီးျဖစ္သူ မသိမ့္သိမ့္ထြန္း (၂၇ ႏွစ္) တို႔ဟာ သစ္သီးဆိုင္ကေန ေငြသိမ္းၿပီး ဆိုင္ကယ္နဲ႔ အိမ္ျပန္လာစဥ္ ဆိုကယ္တြန္းလွဲၿပီး ေငြက်ပ္ ၉ သိန္းေက်ာ္ လုယူခံရပါတယ္။

ေျမာင္းျမၿမိဳ႕၊ နတ္စင္လမ္းခ်ိဳးေကြ႕ အေရာက္မွာ ေနာက္က လိုက္လာတဲ့ အမ်ိဳးသား ၃ ဦးက ေဒၚေဌးေဌးျမင့္ရဲ႕ ဆိုင္ကယ္ကို တြန္းလဲွခဲ့ၿပီး ဆိုင္ကယ္လဲက်စဥ္ ပါလာတဲ့ ေငြက်ပ္ ၉ သိန္း ၆ ေသာင္းနဲ႔ ဖုန္း ၂ လံုးကို လုယူထြက္ေျပးခဲ့တာ ျဖစ္ပါတယ္။

ဒီအမႈျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ေျမာင္းျမၿမိဳ႕မရဲစခန္း က(ပ)၁၉၀/၂၀၁၈ ရာဇသတ္ႀကီးပုဒ္မ ၃၉၄/၁၁၄ (လုယက္ မႈ/အားေပးကူညီမႈ) နဲ႔ အမႈဖြင့္ အေရးယူဖို႔ လုပ္ေဆာင္ေနတယ္လို႔ ျပည္ထဲေရး ဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔မွာ သတင္း ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြောင်းမြမြို့မှာ ဆိုင်ကယ်တွန်းလှဲပြီး ငွေကျပ် ၉ သိန်းကျော် လုယူထွက်ပြေး

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်မှာ ဒေါ်ဌေးဌေးမြင့် (၅၇ နှစ်) နဲ့ မြေးဖြစ်သူ မအိမ့်မှူးရတီ (၆ နှစ်)၊ သမီးဖြစ်သူ မသိမ့်သိမ့်ထွန်း (၂၇ နှစ်) တို့ဟာ သစ်သီးဆိုင်ကနေ ငွေသိမ်းပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာစဉ် ဆိုကယ်တွန်းလှဲပြီး ငွေကျပ် ၉ သိန်းကျော် လုယူခံရပါတယ်။

မြောင်းမြမြို့၊ နတ်စင်လမ်းချိုးကွေ့ အရောက်မှာ နောက်က လိုက်လာတဲ့ အမျိုးသား ၃ ဦးက ဒေါ်ဌေးဌေးမြင့်ရဲ့ ဆိုင်ကယ်ကို တွန်းလှဲခဲ့ပြီး ဆိုင်ကယ်လဲကျစဉ် ပါလာတဲ့ ငွေကျပ် ၉ သိန်း ၆ သောင်းနဲ့ ဖုန်း ၂ လုံးကို လုယူထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောင်းမြမြို့မရဲစခန်း က(ပ)၁၉၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၁၄ (လုယက် မှု/အားပေးကူညီမှု) နဲ့ အမှုဖွင့် အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)