ကြန္ဟိန္းၿမိဳ႕မွာ ေက်ာက္ေတာင္ေစာင္းၿပိဳက်လို႔ ၂ ဦး ေသဆံုး

0
963

ရွမ္းျပည္နယ္ ေတာင္ပိုင္း၊ ကြန္ဟိန္းၿမိဳ႕နယ္၊ လိုက္ကမ္ ေက်းရြာမွာ ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔ မြန္းလြဲပိုင္းက ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္
(၃၉၅/၃၉၆) ၾကား အျမင့္ေပ ၅၀ ခန္႔ရွိ ေက်ာက္ထုတ္လုပ္တဲ့ ေနရာကေန ေက်ာက္ေတာင္ေစာင္း ၿပိဳက်ၿပီး ေက်ာက္ထုတ္လုပ္ေရး လုပ္ငန္းလုပ္ကိုင္သူ အမ်ိဳးသား ၂ ဦး ေသဆံုးၿပီး ၁ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ေက်ာက္ေတာင္ေစာင္း ၿပိဳက်စဥ္မွာ အမ်ိဳးသား ၂ ဦးဟာ ဦးေခါင္းေၾက၊ ရင္ဘတ္ဖူးေရာင္၊ နံ႐ိုးက်ိဳး ဒဏ္ရာေတြနဲ႔ ေသဆုံးခဲ့ၿပီး ဒဏ္ရာရရွိထားတဲ့ အမ်ိဳးသားတစ္ဦးကိုေတာ့ လြိဳင္လင္ ျပည္သူ႔ေဆး႐ုံကေန တစ္ဆင့္ ေတာင္ႀကီးၿမိဳ႕မွာရွိတဲ့ စဝ္စံထြန္းေဆး႐ုံမွာ ကုသေနေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနက သတင္း ထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကွန်ဟိန်းမြို့မှာ ကျောက်တောင်စောင်းပြိုကျလို့ ၂ ဦး သေဆုံး

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ လိုက်ကမ် ကျေးရွာမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် (၃၉၅/၃၉၆) ကြား အမြင့်ပေ ၅၀ ခန့်ရှိ ကျောက်ထုတ်လုပ်တဲ့ နေရာကနေ ကျောက်တောင်စောင်း ပြိုကျပြီး ကျောက်ထုတ်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူ အမျိုးသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကျောက်တောင်စောင်း ပြိုကျစဉ်မှာ အမျိုးသား ၂ ဦးဟာ ဦးခေါင်းကြေ၊ ရင်ဘတ်ဖူးရောင်၊ နံရိုးကျိုး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိထားတဲ့ အမျိုးသားတစ်ဦးကိုတော့ လွိုင်လင် ပြည်သူ့ဆေးရုံကနေ တစ်ဆင့် တောင်ကြီးမြို့မှာရှိတဲ့ စဝ်စံထွန်းဆေးရုံမှာ ကုသနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)