ေမ့က်န္ခဲ့တဲ့ က်ပ္ သိန္း ၃၀ နဲ႔ ေရႊထည္ေတြ ခရီးသည္ကို တကၠစီသမား ျပန္ေပးအပ္

0
953

ပန္းဘဲတန္း ၿမိဳ႕နယ္ကေန ၾကည့္ျမင္ တိုင္ၿမိဳ႕နယ္၊ ထီးတန္းလမ္းမွာရွိတဲ့ ေနအိမ္ကို ျပန္ဖို႔ ကားငွားလာတဲ့ အမ်ိဳးသမီးတစ္ဦးဟာ အငွားယာဥ္ေမာင္း ဦးစိုးမင္းထိုက္ရဲ႕ ယာဥ္ေပၚမွာ ေငြနဲ႔ ေရႊထည္ေတြ ေမ့က်န္ခဲ့ေပမယ့္ တကၠစီ ကာသမားက ျပန္လည္ ေပးအပ္ခဲ့ပါတယ္။

ေငြက်ပ္သိန္း ၃၀၊ ေရႊထည္ပစၥည္း လက္ေကာက္ ၁၀ ကြင္း၊ ကေလးဝတ္ လက္စြပ္ ၄ ကြင္း၊ ဆဲြႀကိဳး ၁ ကံုး၊ ကေလးဝတ္ဆဲြႀကိဳး ၁ ကံုး၊ စိန္ေလာ့ကတ္ ၁ ခု၊ ေရႊထည္ ၁ ခုနဲ႔ iPhone 6 Plus တစ္လံုးပါတဲ့ အိတ္တစ္လံုး ေမ့က်န္ခဲ့တာျဖစ္တဲ့အတြက္ ယာဥ္ေမာင္း ဦးစိုးမင္းထုိက္က အင္းစိန္ၿမိဳ႕မရဲစခန္းကို သြားေရာက္ အပ္ႏွံခဲ့ပါတယ္။

အင္းစိန္ၿမိဳ႕မ ရဲစခန္းမွာ ယာဥ္ေမာင္း ဦးစိုးမင္းထိုက္ လာေရာက္အပ္ႏွံတဲ့ ေငြသားနဲ႔ ေရႊထည္ပစၥည္းေတြကို ပိုင္ရွင္အမ်ိဳးသမီး မျမသူဇာကို ျပန္လည္အပ္ႏွံခဲ့တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႔က ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔ Yangon Police ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မေ့ကျန်ခဲ့တဲ့ ကျပ် သိန်း ၃၀ နဲ့ ရွှေထည်တွေ ခရီးသည်ကို တက္ကစီသမား ပြန်ပေးအပ်

ပန်းဘဲတန်း မြို့နယ်ကနေ ကြည့်မြင် တိုင်မြို့နယ်၊ ထီးတန်းလမ်းမှာရှိတဲ့ နေအိမ်ကို ပြန်ဖို့ ကားငှားလာတဲ့ အမျိုးသမီးတစ်ဦးဟာ အငှားယာဉ်မောင်း ဦးစိုးမင်းထိုက်ရဲ့ ယာဉ်ပေါ်မှာ ငွေနဲ့ ရွှေထည်တွေ မေ့ကျန်ခဲ့ပေမယ့် တက္ကစီ ကာသမားက ပြန်လည် ပေးအပ်ခဲ့ပါတယ်။

ငွေကျပ်သိန်း ၃၀၊ ရွှေထည်ပစ္စည်း လက်ကောက် ၁၀ ကွင်း၊ ကလေးဝတ် လက်စွပ် ၄ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ ကလေးဝတ်ဆွဲကြိုး ၁ ကုံး၊ စိန်လော့ကတ် ၁ ခု၊ ရွှေထည် ၁ ခုနဲ့ iPhone 6 Plus တစ်လုံးပါတဲ့ အိတ်တစ်လုံး မေ့ကျန်ခဲ့တာဖြစ်တဲ့အတွက် ယာဉ်မောင်း ဦးစိုးမင်းထိုက်က အင်းစိန်မြို့မရဲစခန်းကို သွားရောက် အပ်နှံခဲ့ပါတယ်။

အင်းစိန်မြို့မ ရဲစခန်းမှာ ယာဉ်မောင်း ဦးစိုးမင်းထိုက် လာရောက်အပ်နှံတဲ့ ငွေသားနဲ့ ရွှေထည်ပစ္စည်းတွေကို ပိုင်ရှင်အမျိုးသမီး မမြသူဇာကို ပြန်လည်အပ်နှံခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ Yangon Police ဖေ့စ်ဘုတ် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)