ဘဂၤလားေဒ့ရွ္နဲ႔ ကုလတို႔ ဒုကၡသည္ ေနရပ္ျပန္ပို႔ေရး ပူးေပါင္းဖို႔ လက္မွတ္ထိုး

0
948

ဒုကၡသည္ေတြ ရခိုင္ျပည္နယ္ကို ေနရပ္ျပန္ပို႔ေရး ပူးေပါင္းကူညီ ေဆာင္ရြက္ဖို႔ ကုလသမဂၢ သေဘာတူ လက္မွတ္ေရးထိုးလိုက္ပါတယ္။

ေနရပ္ျပန္ပို႔တဲ့ ဒုကၡသည္ေတြကို သူတို႔ဆႏၵနဲ႔ ဆန္႔က်င္ၿပီး ပို႔တာမ်ိဳး မျဖစ္ေအာင္ ကုလသမဂၢ ဒုကၡသည္ ေအဂ်င္စီနဲ႔ ပူးေပါင္းေဆာင္ရြက္တာ ျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက အငယ္တန္း ဝန္ႀကီး ရွာရီယာ အလမ္က ေျပာပါတယ္။

ဒုကၡသည္ေတြဟာ ကုလသမဂၢ တာဝန္ရွိသူေတြရဲ႕ ေရွ႕ေမွာက္မွာ ေနရပ္ျပန္မယ့္ ေဖာင္ေတြကို ေရးျဖည့္ရမွာ ျဖစ္ပါတယ္။ ဒုကၡသည္ ၇ သိန္းကို ေနရပ္ျပန္ပို႔ဖို႔ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ အစိုးရတို႔ ယမန္ႏွစ္က သေဘာတူညီမႈရၿပီး ျဖစ္ပါတယ္။ ျမန္မာဘက္က လက္ခံဖို႔ အသင့္ျဖစ္ၿပီလို႔ ေၾကညာထားေပမယ့္ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းက တစ္ဦးတစ္ေယာက္မွ ျပန္ေရာက္လာတာ မရွိေသးပါဘူး။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ်နဲ့ ကုလတို့ ဒုက္ခသည် နေရပ်ပြန်ပို့ရေး ပူးပေါင်းဖို့ လက်မှတ်ထိုး

ဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို နေရပ်ပြန်ပို့ရေး ပူးပေါင်းကူညီ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။

နေရပ်ပြန်ပို့တဲ့ ဒုက္ခသည်တွေကို သူတို့ဆန္ဒနဲ့ ဆန့်ကျင်ပြီး ပို့တာမျိုး မဖြစ်အောင် ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက အငယ်တန်း ဝန်ကြီး ရှာရီယာ အလမ်က ပြောပါတယ်။

ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ရှေ့မှောက်မှာ နေရပ်ပြန်မယ့် ဖောင်တွေကို ရေးဖြည့်ရမှာ ဖြစ်ပါတယ်။ ဒုက္ခသည် ၇ သိန်းကို နေရပ်ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အစိုးရတို့ ယမန်နှစ်က သဘောတူညီမှုရပြီး ဖြစ်ပါတယ်။ မြန်မာဘက်က လက်ခံဖို့ အသင့်ဖြစ်ပြီလို့ ကြေညာထားပေမယ့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက တစ်ဦးတစ်ယောက်မှ ပြန်ရောက်လာတာ မရှိသေးပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)