ျမန္မာနဲ႔ ကာဂ်စၥတန္တို႔ရဲ႕ အာရွဖလားေျခစစ္ပြဲကို ေတာင္ကိုရီးယားမွာ ကစားမယ္

0
965

၂၀၁၉ အာရွဖလား ေျခစစ္ပြဲ လက္က်န္ပြဲ တစ္ပြဲျဖစ္တဲ့ ျမန္မာနဲ႔ ကာဂ်စၥတန္ပြဲကို ၾကားကြင္းအျဖစ္ ေတာင္ကိုရီးယားႏုိင္ငံ၊ အင္ခၽြန္း အားကစားကြင္းမွာ ကစားဖို႔ အာရွေဘာလံုးအဖြဲ႔ခ်ဳပ္က ဆံုးျဖတ္လိုက္ပါတယ္။

အဲဒီပြဲကို ကနဦး ဆံုးျဖတ္ထားတဲ့အတုိင္း မတ္လ ၂၂ ရက္ေန႔မွာ က်င္းပမွာျဖစ္ၿပီး ပြဲကစားမယ့္အခ်ိန္ကို ဆက္လက္ ညိွႏႈိင္းေနတယ္လို႔ ျမန္မာ ေဘာလံုးအဖြဲ႔ခ်ဳပ္က သတင္းထုတ္ျပန္ထားပါတယ္။ ျမန္မာနဲ႔ ကာဂ်စၥတန္တုိ႔ဟာ ပထမအေက်ာ့ ပြဲစဥ္ကို ရန္ကုန္မွာ ကစားခဲ့ရာ ၂ ဂိုးစီ သေရက်ခဲ့ၿပီး အုပ္စုတက္ေရးအတြက္ ဒုတိယ အေက်ာ့ပြဲစဥ္ဟာ ႏွစ္သင္းစလံုးအတြက္ အေရးပါေနပါတယ္။

ျမန္မာအသင္းဟာ ကာဂ်စၥတန္နဲ႔ ပဲြက်န္ ကစားၿပီးေနာက္ ၅ ရက္အၾကာ မတ္လ ၂၇ ရက္ေန႔မွာ မကၠာအို လက္ေရြးစင္ အသင္းနဲ႔ ေျခစစ္ပဲြ အုပ္စုေနာက္ဆံုး ပဲြစဥ္ကို ရန္ကုန္ၿမိဳ႕မွာ အိမ္ရွင္အျဖစ္ လက္ခံကစားရမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ကာဂျစ္စတန်တို့ရဲ့ အာရှဖလားခြေစစ်ပွဲကို တောင်ကိုရီးယားမှာ ကစားမယ်

၂၀၁၉ အာရှဖလား ခြေစစ်ပွဲ လက်ကျန်ပွဲ တစ်ပွဲဖြစ်တဲ့ မြန်မာနဲ့ ကာဂျစ္စတန်ပွဲကို ကြားကွင်းအဖြစ် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်း အားကစားကွင်းမှာ ကစားဖို့ အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီပွဲကို ကနဦး ဆုံးဖြတ်ထားတဲ့အတိုင်း မတ်လ ၂၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ပွဲကစားမယ့်အချိန်ကို ဆက်လက် ညှိနှိုင်းနေတယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနဲ့ ကာဂျစ္စတန်တို့ဟာ ပထမအကျော့ ပွဲစဉ်ကို ရန်ကုန်မှာ ကစားခဲ့ရာ ၂ ဂိုးစီ သရေကျခဲ့ပြီး အုပ်စုတက်ရေးအတွက် ဒုတိယ အကျော့ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် အရေးပါနေပါတယ်။

မြန်မာအသင်းဟာ ကာဂျစ္စတန်နဲ့ ပွဲကျန် ကစားပြီးနောက် ၅ ရက်အကြာ မတ်လ ၂၇ ရက်နေ့မှာ မက္ကာအို လက်ရွေးစင် အသင်းနဲ့ ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်ကို ရန်ကုန်မြို့မှာ အိမ်ရှင်အဖြစ် လက်ခံကစားရမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)