သေဘၤာက်င္းမွာ ဝရိန္ေဆာ္ရာက ေပါက္ကြဲမႈျဖစ္၊ တစ္ဦးေသ

0
934

ရန္ကုန္တိုင္း၊ လိႈင္သာယာၿမိဳ႕နယ္မွာ သေဘၤက်င္းအတြင္း လြန္းတင္ထားတဲ့ ဆည္ေဆာက္ဆဲ ကုန္တင္သေဘၤာကို ဝရိန္ေဆာ္ရာကေန ေပါက္ကြဲမႈ ျဖစ္ပြားၿပီး အမ်ိဳးသားတစ္ဦး ေသဆံုးကာ၊ ငါးဦး ဒဏ္ရာ ရခဲ့ပါတယ္။

လိႈင္သာယာ စက္မႈဇုန္၊ ဆိပ္ကမ္းသာလမ္းရွိ Family Win သေဘၤာက်င္းမွာ မေန႔က ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔ မနက္ပိုင္းက သေဘၤာက်င္းလုပ္သား ကိုလြင္ကိုေမာင္ေမာင္က ဝရိန္ေဆာ္ရာမွာ မီးပြားေတြ ပြင့္ထြက္ၿပီး သေဘၤာ အခန္းတြင္းရွိ တာပင္တုိင္ ျဒပ္ေႏွာနဲ႔ ထိေတြ႔ကာ ေပါက္ကြဲမႈ ျဖစ္ခဲ့ၿပီး ကိုလြင္ကိုကိုေမာင္ကေတာ့ ခႏၶာကိုယ္ အပိုင္းပိုင္းျပတ္ကာ ေသဆံုးခဲ့ပါတယ္။

သေဘၤာက်င္း လုပ္သားေတြျဖစ္တဲ့ ကိုမ်ိဳးေက်ာ္သူထြန္း၊ ကိုေအာင္ျပည္ဟိန္း၊ ကိုမင္းထက္၊ ကိုေအာင္ေဇယ်ာဝင္း၊ ကိုေက်ာ္ေက်ာ္တို႔လည္း ဒဏ္ရာေတြရရွိခဲ့လို႔ လိႈင္သာယာ၊ အင္းစိန္နဲ႔ ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးတို႔မွာ တက္ေရာက္ ကုသေနပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သင်္ဘောကျင်းမှာ ဝရိန်ဆော်ရာက ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ သင်္ဘေကျင်းအတွင်း လွန်းတင်ထားတဲ့ ဆည်ဆောက်ဆဲ ကုန်တင်သင်္ဘောကို ဝရိန်ဆော်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ၊ ငါးဦး ဒဏ်ရာ ရခဲ့ပါတယ်။

လှိုင်သာယာ စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းရှိ Family Win သင်္ဘောကျင်းမှာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက်ပိုင်းက သင်္ဘောကျင်းလုပ်သား ကိုလွင်ကိုမောင်မောင်က ဝရိန်ဆော်ရာမှာ မီးပွားတွေ ပွင့်ထွက်ပြီး သင်္ဘော အခန်းတွင်းရှိ တာပင်တိုင် ဒြပ်နှောနဲ့ ထိတွေ့ကာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး ကိုလွင်ကိုကိုမောင်ကတော့ ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်ကာ သေဆုံးခဲ့ပါတယ်။

သင်္ဘောကျင်း လုပ်သားတွေဖြစ်တဲ့ ကိုမျိုးကျော်သူထွန်း၊ ကိုအောင်ပြည်ဟိန်း၊ ကိုမင်းထက်၊ ကိုအောင်ဇေယျာဝင်း၊ ကိုကျော်ကျော်တို့လည်း ဒဏ်ရာတွေရရှိခဲ့လို့ လှိုင်သာယာ၊ အင်းစိန်နဲ့ ရန်ကုန် ပြည်သူ့ဆေးရုံကြီးတို့မှာ တက်ရောက် ကုသနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)