တိုင္းအစိုးရကို ေက်းဇူးတင္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ ပံုတူလက္ရာရွင္ ပန္းခ်ီဆရာမ ႏုယဥ္ ေျပာ

0
963

ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႕မွာ က်ေရာက္ခဲ့တဲ့ ၇၁ ႏွစ္ျပည့္ ျပည္ေထာင္စုေန႔အႀကိဳ ဆူးေလ ေစတီေတာ္ အနီးမွာ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပံုတူပန္းခ်ီကို ခ်ိတ္ဆြဲခဲ့တာေၾကာင့္ ျပည္သူလူထု အထူးစိတ္ဝင္စားခဲ့ပါတယ္။

အဲဒီ မူလ ပံုတူ ပန္းခ်ီကားကို ေရးဆြဲခဲ့တဲ့ ပန္းခ်ီဆရာမ ႏုယဥ္က ဒီလိုခ်ိတ္ဆြဲခဲ့တဲ့ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းနဲ႔ အစိုးရအဖြဲ႔ကို ျပည္သူေတြ အားလံုးနဲ႔ထပ္တူ လိႈက္လိႈက္လွဲလွဲ ေက်းဇူးတင္ရွိပါတယ္လို႔ သူ႔ရဲ႕ ေဖ့စ္ဘုတ္ စာမ်က္ႏွာမွာ ေဖေဖာ္၀ါရီလ ၁၃ ရက္ေန႔က ေရးသားခဲ့ပါတယ္။ ခ်ိတ္ဆြဲခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မူရင္း ပံုတူပန္းခ်ီကားကိုလည္း ေဖ့စ္ဘုတ္မွာ တင္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တိုင်းအစိုးရကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပုံတူလက်ရာရှင် ပန်းချီဆရာမ နုယဉ် ပြော

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၇၁ နှစ်ပြည့် ပြည်ထောင်စုနေ့အကြို ဆူးလေ စေတီတော် အနီးမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကို ချိတ်ဆွဲခဲ့တာကြောင့် ပြည်သူလူထု အထူးစိတ်ဝင်စားခဲ့ပါတယ်။

အဲဒီ မူလ ပုံတူ ပန်းချီကားကို ရေးဆွဲခဲ့တဲ့ ပန်းချီဆရာမ နုယဉ်က ဒီလိုချိတ်ဆွဲခဲ့တဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေ အားလုံးနဲ့ထပ်တူ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်လို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ရေးသားခဲ့ပါတယ်။ ချိတ်ဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူရင်း ပုံတူပန်းချီကားကိုလည်း ဖေ့စ်ဘုတ်မှာ တင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)