
0
1034


Tachileik, Myanmar



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တာချီလိတ်-မယ်ဆိုင် နယ်စပ်ရေကြောင်း တစ်လျှောက် တရားမဝင် ဖြတ်သန်းမှု စိစစ်မယ်

မြန်မာနိုင်ငံဘက်က တာချီလိတ်နဲ့ ထိုင်းနိုင်ငံဘက်က မယ်ဆိုင်တို့အကြားရှိ နယ်စပ်ရေကြောင်း တစ်လျှောက် တရားမဝင် ဖြတ်သန်းမှု မရှိစေရေးအတွက် နှစ်နိုင်ငံညှိနှိုင်း ပူးပေါင်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေမှာ နယ်စပ်ရေကြောင်း တစ်လျှောက် တရားမဝင် ဖြတ်သန်းမှုတွေကို အထူးစောင့်ကြည့်ရေး အဖွဲ့တွေနဲ့ ဆောင်ရွက်နေမှု အခြေအနေတွေကို မနေ့က ဖေဖော်ဝါရီ ၁၂ နေ့ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့မှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ လိုအပ်ချက်တွေအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးသွားဖို့၊ လူကုန်ကူးခံရမှု အများဆုံး ဖြစ်ပေါ်တဲ့ ဒေသရှိ ပြည်သူတွေကို နှစ်နိုင်ငံ အသိပညာပေး ဟောပြောဆောင်ရွက်တာတွေ လုပ်ဖို့ ဆွေးနွေး ဆုံးဖြတ်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)