
0
913




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတို့ ရခိုင်အရေး ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင်ဟာ မနေ့က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန် ပရာမွတ်ဒဝီနိုင်နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးပါတယ်။

မစ္စတာ ဘောရစ် ဂျွန်ဆင်က ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ သူမြင်တွေ့ခဲ့ရတာတွေကို ဝန်ကြီး ဒွန်ကို ရှင်းလင်း ပြောဆိုခဲ့ပြီး ဒုက္ခသည်တွေအရေး ဘယ်လိုပိုမို လုပ်ဆောင်ဖို့ တိုက်တွန်းကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

မစ္စတာ ဘောရစ် ဂျွန်ဆင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ ဦးဆောင်သူ ဒေါက်တာ ဆူရာကီယတ် ဆာသီရာထိုင်းနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)