ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔မွာ အေထာက္အထားမဲ့ ပစၥည္း က်ပ္ ၁၂ သန္းေက်ာ္ဖိုး ဖမ္းမိ

0
1031

ေရပူနဲ႔ မရမ္းေခ်ာင္ အၿမဲတမ္း စစ္ေဆးေရး စခန္းေတြမွာ တင္သြင္း၊ တင္ပို႔တဲ့ ကုန္ပစၥည္းေတြကို စစ္ေဆးရာမွာ ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔က အေထာက္အထားမဲ့ လူသံုးကုန္၊ စားေသာက္ကုန္ ေငြက်ပ္ ၁၂ သန္းေက်ာ္ဖိုး ဖမ္းဆီးရမိခဲ့ပါတယ္။

ေရပူ အၿမဲတမ္း စစ္ေဆးေရးစခန္းမွာ က်ပ္ ၈ သန္းခြဲေက်ာ္ဖိုးနဲ႔ မရမ္းေခ်ာင္ အၿမဲဳတမ္း စစ္ေဆးေရးစခန္းမွာ က်ပ္ ၃ သန္းေက်ာ္ဖိုး၊ စုစုေပါင္း က်ပ္ ၁၂ ဒသမ ၃၁၄ သန္းဖိုး ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ေဖေဖာ္ဝါရီလ ၁၁ ရက္ေန႔မွာ မႏၱေလး-မူဆယ္ ျပည္ေထာင္စု လမ္းမႀကီးတစ္ေလွ်ာက္ ကုန္သြယ္မႈ ယာဥ္ပို႔ကုန္ ၈၀၅ စီး၊ သြင္းကုန္ ၉၀၂ စီး၊ ရန္ကုန္-ျမဝတီ လမ္းမႀကီးတစ္ေလွ်ာက္ ကုန္သြယ္မႈယာဥ္ ပို႔ကုန္ ၄၉ စီး၊ သြင္းကုန္ ၁၄၉ စီး သယ္ယူပို႔ေဆာင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ အထောက်အထားမဲ့ ပစ္စည်း ကျပ် ၁၂ သန်းကျော်ဖိုး ဖမ်းမိ

ရေပူနဲ့ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းတွေမှာ တင်သွင်း၊ တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စစ်ဆေးရာမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အထောက်အထားမဲ့ လူသုံးကုန်၊ စားသောက်ကုန် ငွေကျပ် ၁၂ သန်းကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။

ရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းမှာ ကျပ် ၈ သန်းခွဲကျော်ဖိုးနဲ့ မရမ်းချောင် အမြုဲတမ်း စစ်ဆေးရေးစခန်းမှာ ကျပ် ၃ သန်းကျော်ဖိုး၊ စုစုပေါင်း ကျပ် ၁၂ ဒသမ ၃၁၄ သန်းဖိုး ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှု ယာဉ်ပို့ကုန် ၈၀၅ စီး၊ သွင်းကုန် ၉၀၂ စီး၊ ရန်ကုန်-မြဝတီ လမ်းမကြီးတစ်လျှောက် ကုန်သွယ်မှုယာဉ် ပို့ကုန် ၄၉ စီး၊ သွင်းကုန် ၁၄၉ စီး သယ်ယူပို့ဆောင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)