လူမ်ိဳးႀကီး၀ါဒနဲ႔ အျမင္က်ဥ္းေျမာင္းတဲ့ အမ်ိဳးသားေရး၀ါဒကို ဆန္႔က်င္ၾက

0
360

လူမ်ိဳးႀကီး၀ါဒနဲ႔ အျမင္က်ဥ္းေျမာင္းတဲ့ အမ်ိဳးသားေရး၀ါဒကို ဆန္႔က်င္ၾကရမယ္လို႔ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ NLD ပါတီက ေျပာၾကားလိုက္ပါတယ္။

ေဖေဖာ္၀ါရီလ ၁၂ ရက္ေန႔က က်ေရာက္ခဲ့တဲ့ ၇၁ ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔အခမ္းအနားကို ရန္ကုန္ၿမိဳ႕ရွိ ပါတီဌာနခ်ဳပ္မွာ က်င္းပရာ ပါတီရဲ႕ ဗဟိုအလုပ္အမွဳေဆာင္အဖြဲ႔ အတြင္းေရးမွဴး ဦးဥာဏ္၀င္းက ေျပာၾကားလိုက္တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ တုိင္းရင္းသားမ်ိဳးႏြယ္စုေတြရဲ႕ သမုိင္းဆိုင္ရာ ပကတိအေျခအေနေတြကို ဆႏၵစြဲ၊ လူမ်ိဳးစြဲကင္းစြာ ဓမၼဓိ႒ာန္က်က် သံုးသပ္ၿပီး လက္ေတြ႔ တည္ေဆာက္ၾကဖို႔ လိုအပ္တယ္လို႔လည္း ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ လက္ရွိ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ ၂၁ ရာစု ပင္လံုညီလာခံဟာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို အေျခခံတဲ့ တုိင္းရင္းသား မ်ိဳးႏြယ္စုေတြ ေသြးစည္းညီညြတ္ေရး၊ ၿငိမ္းခ်မ္းေရးကေန ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု ထူေထာင္ေရးကို ဦးတည္ေနတယ္လို႔လည္း ထည့္သြင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြ

လူမျိုးကြီးဝါဒနဲ့ အမြင်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒကို ဆန့်ကျင်ကြရမယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျရောက်ခဲ့တဲ့ ၇၁ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်မြို့ရှိ ပါတီဌာနချုပ်မှာ ကျင်းပရာ ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ သမိုင်းဆိုင်ရာ ပကတိအခြေအနေတွေကို ဆန္ဒစွဲ၊ လူမျိုးစွဲကင်းစွာ ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ပြီး လက်တွေ့ တည်ဆောက်ကြဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေ သွေးစည်းညီညွတ်ရေး၊ ငြိမ်းချမ်းရေးကနေ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးကို ဦးတည်နေတယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)