
0
308


 EPA-EFE/HEIN HTET



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

NCA ရေးထိုးခဲ့တဲ့ KNU ဒေသမှာ နီပွန်ဖောင်ဒေးရှင်း အမေရိကန် ဒေါ်လာ သန်း ၄၀ ကူညီခဲ့ဟုဆို

NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဒေသမှာ အမေရိကန်ဒေါ်လာ သန်း ၄၀ ဝိုင်းဝန်းကူညီခဲ့တယ်လို့ နီပွန်ဖောင်ဒေးရှင်းက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်ရှိ Kempinski Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ MR. YOHEI SASAKAWA က ပြောကြားလိုက်တာပါ။

ဒါအပြင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးဖို့ရှိနေတဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ရဲ့ ဒေသတွေက တိုင်းရင်းသား ပြည်သူတွေအတွက်ကိုလည်း ဝိုင်းဝန်းကူညီပေးသွားမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)