ပဲခူးမြို့၊ ရွှေမော်ဓောဘုရားကွင်းမှာ နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား ကျင်းပ

0
352

ပဲခူးမြို့၊ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲက နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ၊ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနဲ့ ခရိုင် မြို့နယ်ဌာနဆိုင်ရာတွေ၊ တပ်ရင်း တပ်ဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေ၊ ပြည်သူတွေ စုစုပေါင်း အင်အား ၃၅၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဆောင်ပြီး စစ်ကြောင်းတွေနဲ့တက်ရောက်လာသူတွေက နိုင်ငံတော်အလံကို အလေးပြုခဲ့ကြပြီးနောက်မှာ ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့တဲ့ နှစ်(၇၀)ပြည့် ပြည်ထောင်စုနေ့အခမ်းအနား သဝဏ်လွှာကိုဖတ်ကြားခဲ့ပါတယ်။

အခမ်းအနားမှာ ပညာရေး၊ ကျန်းမာရေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေး ဦးစီးဌာနတွေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူကုန်ကူး၊ မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ပြခန်း ဓာတ်ပုံ လှုပ်ရှားမှု ပြခန်းတွေလည်း ပြသခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)