နှစ်(၇၀)မြောက် မွန်အမျိုးသားနေ့ အခမ်းအနား ပဲခူးမှာ ကျင်းပ

0
392

ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက်၊ မွန်စံပြ(၆)လမ်းမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီက နှစ်(၇၀)မြောက် မွန်အမျိုးသားနေ့ အလံတင်အခမ်းအနား ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီက ဦးဆောင်ကျင်းပခဲ့တာပါ။

အဲဒီအခမ်းအနားကို ရွှေမော်ဓောဘုရားအနောက်ဖက်မုဒ်ရှိ၊ မွန်ဓမ္မာရုံမှာ ကျင်းပခဲ့တာဖြစ်ပြီး ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးက မွန်အမျိုးသားနေ့အတွက် သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သဝဏ်လွှာကို မဖတ်ကြားခင်မှာ ဗညာဒလ၊ ဝိမလ၊ သမလ၊ ဗညာဓရာံ၊ ရာဇဓိရာဇ်စတဲ့ စစ်ကြောင်းကြီး ငါးကြောင်းနဲ့ ကွင်းအတွင်းမှာ ချီတက်နေရာယူပြီး မြန်မာနိုင်ငံအလံနဲ့ မွန်အမျိုးသားအလံတို့ကို လွှင့်ထူပြီး အလေးပြုခဲ့ကြပါတယ်။

နှစ်(၇၀)ပြည့် မွန်အမျိုးသားနေ့ အခမ်းအနားမှာ ဆရာတော် သံဃာတော်တွေကိုလည်း ဆွမ်းကပ်လှူဒါန်းပြီး ရွှေမော်ဓောစေတီတော် ရွှေသင်္ကန်း ကပ်လှူငွေ လှူဒါန်းခြင်းနဲ့ မွန်အမျိုးသားနေ့ အထိမ်းအမှတ် မွန်စာပေ ပြိုင်ပွဲ ၊ အားကစားပြိုင်ပွဲတွေလည်းကျင်းပပြီး ဆုချီးမြှင့်ခဲ့ကြတာ ဖြစ်ပါတယ်။

မွန်အမျိုးသားနေ့အခမ်းအနားဟာ မွန်လူမျိုး၊ မွန်စကား၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှု၊ မွန်ဘာသာ၊ သာသနာတွေ မတိမ်ကောပပျောက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပဲ ဖြစ်ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)