
0
2130





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တရုတ် ကုမ္ပဏီ က မြန်မာနိုင်ငံမှာ သဘာဝ အရင်းအမြစ်သစ်တွေရှာနေ

တရုတ်နိုင်ငံ ပိုင် CNPC Southeast Asia Pipeline ဟာ မြန်မာနိုင်ငံ အတွင်းမှာ သဘာဝဓါတ်ငွေ့ အရင်းမြစ် သစ်တွေရှာဖွေနေပါတယ်။

တရုတ်- မြန်မာ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း အတွက် လုံလောက်မှုတွေရှိစေဖို့ အရင်းအမြစ် အသစ်တွေရှာဖွေနေတာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီဟာ ၂၀၁၃ ခုနှစ် ဇူလိုင် လတည်းက မြန်မာနိုင်ငံရှိ A-1 နဲ့ A-3 ကမ်းလွန်လုပ်ကွက်တွေကနေ သဘာဝဓါတ်ငွေ့တွေကို တရုတ် နိုင်ငံ ဆီတင်ပို့ပေးမှုတွေလုပ်နေတယ်လို့ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဌဖြစ်တဲ့ Chen Xiangqiu, ကပြောပါတယ်။

နှစ် ၃၀ သဘောတူညီမှုစာချုပ်အ ရ မြန်မာနိုင်ငံက သဘာဝဓါတ်ငွေ့တွေကို တရုတ်နိုင်ငံဆီတင်ပို့ခဲ့တာဖြစ်ပြီး သဘောတူစာချုပ်သက်တမ်း အများကြီးကျန်ရှိနေပေမယ်လည်း တရုတ် ကုမ္ပဏီက မြန်မာနိုင်ငံမှာ သဘာဝ ဓါတ်ငွေ့ အရင်းအမြစ်နေရာသစ်တွေ ရှာနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)