YBS(၂၀)တြင္ခရီးသည္ အမ်ဳိးသမီးတစ္ဦးကုိဆဲဆုိႀကိမ္းေမာင္းသူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး

0
2131

 

၂၀၁၇ ခုႏွစ္ ေအာက္တုိဘာ ၃၁ ရက္ေန႔က YBS (၂၀) ေမာ္ေတာ္ယာဥ္ေပၚတြင္ စီးနင္းလုိက္ပါလာသည့္ အမ်ဳိးသမီးတစ္ဦးအား ခါးပုိက္ႏႈိက္စဥ္သိရွိသြား၍ ခါးပုိက္ႏႈိက္သူမ်ားက ဆဲဆုိႀကိမ္းေမာင္းေျပာဆုိခဲ့မႈအားလူမႈ ကြန္ရက္စာမ်က္ႏွာေပၚတြင္ ေဖာ္ျပပါရွိသည့္ ျပစ္မႈက်ဴးလြန္သူမ်ားအားရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးႏုိင္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

၉-၁-၂၀၁၈ ရက္ေန႔မွာ YBS (၃၆)ယာဥ္လုိင္းေပၚမွာ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သုဓမၼာလမ္းမႀကီး၊ (ဃ)ေစ်းမွတ္တုိင္တြင္ခါးပုိက္ႏိႈက္ စုိးလင္းထုိက္(ခ)ဖုိးလံုး(၃၂)ႏွစ္၊ ေက်ာ္လင္းထက္(၂၁)ႏွစ္ႏွင့္၀င္းေက်ာ္ေက်ာ္(ခ) အူစမန္(၄၁)တုိ႔အား ဖမ္းဆီးရမိခဲပါတယ္။

ဖမ္းဆီးရမိသည့္ ခါးပုိက္ႏိႈက္(၃)ဦး၏ စစ္ေဆးေပၚေပါက္ခ်က္အရေအာက္တုိဘာလ ၃၁ ရက္ေန႔က စုိးလင္းထုိက္(ခ)ဖုိးလံုး၊ ေက်ာ္လင္းထက္၊ျမင့္ႏုိင္(ခ)ကုလား၊ ထြန္းထြန္းႏွင့္ ျမင့္ႏုိင္(ခ)ကုလားႏွင့္အတူပါရွိလာသည့္အမည္မသိ အမ်ဳိးသား(၃)ဦး၊ စုစုေပါင္း(၇)ဦးတုိ႔က ၾကည့္ျမင္တုိင္ၿမိဳ႕နယ္၊ေက်ာင္းေရွ႕မွတ္တိုင္မွ ေျမနီကုန္းသုိ႔ သြားသည့္ YBS(၂၀) ယာဥ္လုိင္းေပၚတြင္ လုိက္ပါလာခဲ့ၿပီး ခရီးသည္ အမ်ဳိးသမီးတစ္ဦးအား ခါးပုိက္ႏိႈက္စဥ္သိရွိသြားသျဖင့္ ယာဥ္ေမာင္းႏွင့္ ယာဥ္အကူတုိ႔အား ေျပာၾကားခဲ့ျခင္းေၾကာင့္ အင္းယားလမ္းႏွင့္ ဓမၼေစတီလမ္း မီးပြိဳင့္အေရာက္တြင္ဆင္းခဲ့ၿပီး ယာဥ္ေမာင္း၊ ယာဥ္အကူႏွင့္ ခါးပုိက္ႏိႈက္ခံရသူ အမ်ဳိးသမီးတုိ႔အား ဆဲဆုိႀကိမ္းေမာင္းခဲ့ပါတယ္။

ဖမ္းဆီးရမိသည့္ ျပစ္မႈက်ဴးလြန္သူ စုိးလင္းထုိက္(ခ)ဖုိးလံုးႏွင့္ေက်ာ္လင္းထက္တုိ႔အား ဆက္လက္စစ္ေဆး ေဆာင္ရြက္လ်က္ရွိေၾကာင္းႏွင့္ထြက္ေျပးတိမ္းေရွာင္ေနသူ ကုလား(ခ)ျမင့္ႏုိင္၊ ထြန္းထြန္းႏွင့္အမည္မသိ အမ်ဳိး သား(၃)ဦးတုိ႔အားဖမ္းဆီးႏုိင္ဖုိ႔ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

YBS(၂၀)တွင်ခရီးသည် အမျိုးသမီးတစ်ဦးကိုဆဲဆိုကြိမ်းမောင်းသူများအား
ဖော်ထုတ်ဖမ်းဆီး
၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့က YBS (၂၀) မော်တော်ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်စဉ်သိရှိသွား၍ ခါးပိုက်နှိုက်သူများက ဆဲဆိုကြိမ်းမောင်းပြောဆိုခဲ့မှုအားလူမှု ကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြပါရှိသည့် ပြစ်မှုကျူးလွန်သူများအားရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၉-၁-၂၀၁၈ ရက်နေ့မှာ YBS (၃၆)ယာဉ်လိုင်းပေါ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းမကြီး၊ (ဃ)ဈေးမှတ်တိုင်တွင်ခါးပိုက်နှိုက် စိုးလင်းထိုက်(ခ)ဖိုးလုံး(၃၂)နှစ်၊ ကျော်လင်းထက်(၂၁)နှစ်နှင့်ဝင်းကျော်ကျော်(ခ) အူစမန်(၄၁)တို့အား ဖမ်းဆီးရမိခဲပါတယ်။

ဖမ်းဆီးရမိသည့် ခါးပိုက်နှိုက်(၃)ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရအောက်တိုဘာလ ၃၁ ရက်နေ့က စိုးလင်းထိုက်(ခ)ဖိုးလုံး၊ ကျော်လင်းထက်၊မြင့်နိုင်(ခ)ကုလား၊ ထွန်းထွန်းနှင့် မြင့်နိုင်(ခ)ကုလားနှင့်အတူပါရှိလာသည့်အမည်မသိ အမျိုးသား(၃)ဦး၊ စုစုပေါင်း(၇)ဦးတို့က ကြည့်မြင်တိုင်မြို့နယ်၊ကျောင်းရှေ့မှတ်တိုင်မှ မြေနီကုန်းသို့ သွားသည့် YBS(၂၀) ယာဉ်လိုင်းပေါ်တွင် လိုက်ပါလာခဲ့ပြီး ခရီးသည် အမျိုးသမီးတစ်ဦးအား ခါးပိုက်နှိုက်စဉ်သိရှိသွားသဖြင့် ယာဉ်မောင်းနှင့် ယာဉ်အကူတို့အား ပြောကြားခဲ့ခြင်းကြောင့် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်း မီးပွိုင့်အရောက်တွင်ဆင်းခဲ့ပြီး ယာဉ်မောင်း၊ ယာဉ်အကူနှင့် ခါးပိုက်နှိုက်ခံရသူ အမျိုးသမီးတို့အား ဆဲဆိုကြိမ်းမောင်းခဲ့ပါတယ်။

ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူ စိုးလင်းထိုက်(ခ)ဖိုးလုံးနှင့်ကျော်လင်းထက်တို့အား ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းနှင့်ထွက်ပြေးတိမ်းရှောင်နေသူ ကုလား(ခ)မြင့်နိုင်၊ ထွန်းထွန်းနှင့်အမည်မသိ အမျိုး သား(၃)ဦးတို့အားဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)