
0
2050


 ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ  တပ်မတော်လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်  က ပဋိပက္ခဒေသတွေဆီ သွားရောက်လေလ့ာခွင့်ရတဲ့   ပြည်ပနိုင်ငံတွေရဲ့ ပထမဆုံးဝန်ကြီးလည်းဖြစ်ပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ် ကို သွားရောက်လေ့လာ

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရာကိုနို ဟာ ဘင်္ဂလီမွတ်စလင် ကို ပြန်ခေါ်ယူဖို့ မြန်မာနိုင်ငံရဲ့ ပြင်ဆင်မှုတွေကို စုံစမ်းနိုင်ဖို့ မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသကို ဇန်နဝါရီ ၁၃ ရက်နေ့က သွားရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ တပ်မတော်လေယာဉ်နဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် က ပဋိပက္ခဒေသတွေဆီ သွားရောက်လေလာ့ခွင့်ရတဲ့ ပြည်ပနိုင်ငံတွေရဲ့ ပထမဆုံးဝန်ကြီးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဘင်္ဂလီ စစ်သွေးကြွကြားအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ် က ဘင်္ဂလီမွတ်စလင်တွေ ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဆီ ထွက်ပြေးခဲ့ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ ရခိုင်ပြည်နယ်ကို ရောက်ရှိချိန်မှာ ဒုက္ခသည်တွေရဲ့ ရှင်သန်နေထိုင်မှု ဘဝတွေကို နားထောင်ခဲ့ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ – ဘင်္ဂလားဒေရှ့်နယ်စပ်ကိုသွားရောက်ခဲ့ပြီး နယ်စပ်တံတားကို သွားရောက်လေ့လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)