ျမန္မာ နဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈအားေကာင္းဖုိ႔ တရုတ္ဆႏၵရွိေန

0
2104

နယ္စပ္ေဒသ တည္ၿငိမ္ေရးကိုထိန္းသိမ္းႏုိင္ဖုိ႔အတြက္   တရုတ္ႏိုင္ငံ ဟာ ျမန္မာႏိုင္ငံနဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္ခ်က္ ပိုမုိေကာင္းမြန္ေအာင္ လုပ္ေဆာင္ဖုိ႔ ဆႏၵရွိေနတယ္လို႔ တရုတ္ ကာကြယ္ေရးဝန္ႀကီး Chang Wanquan     က ေျပာပါတယ္။

 

တရုတ္ကာကြယ္ေရးဝန္ႀကီး ဟာ ျမန္မာ တပ္မေတာ္  ေရတပ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး  တင္ေအာင္ဆန္း နဲ႔ေတြဆံုေဆြးေႏြးၿပီးေနာက္အ ခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

တရုတ္ႏုိင္ငံ ဟာ ျမန္မာႏုိင္ငံရဲ႕ ပိုင္နက္ နဲ႔ အခ်ဳပ္ျခာကို ေလးစားၿပီး   ဖြံၿဖိဳးတုိးတက္ေအာင္ ကူညီေထာက္ပံ့ေပးသြားမယ္လို႔ တရုတ္ကာကြယ္ေရးဝန္ႀကီးကေျပာခဲ့ပါတယ္။

တရုတ္ နဲ႔ ျမန္မာႏုိင္ငံၾကား ဆက္ဆံေရး ဟာအေကာင္းဆံုးအေျခေနမွာရွိေနၿပီး တရုတ္ႏုိင္ငံ ဟာ  ျမန္မာႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္ရြက္မႈပိုမုိေကာင္းမြန္ဖုိ႔ဆႏၵရွိေနက်ျပီး နယ္စပ္ေဒသေတြမွာ  တည္ၿငိမ္မႈနဲ႔  တပ္မေတာ္ႏွစ္ရပ္ၾကား ပူးေပါင္းေဆာင္ရြက္မႈ နဲ႔ အျပန္လွန္ဖလွယ္မႈေတြလုပ္ေဆာင္ဖုိ႔ ဆႏၵရွိေနတယ္လို႔ တရုတ္ကာကြယ္ေရးဝန္ႀကီးကေျပာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာ နဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုအားကောင်းဖို့ တရုတ်ဆန္ဒရှိနေ

နယ်စပ်ဒေသ တည်ငြိမ်ရေးကိုထိန်းသိမ်းနိုင်ဖို့အတွက် တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်ချက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီး Chang Wanquan က ပြောပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီး ဟာ မြန်မာ တပ်မတော် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း နဲ့တွေဆုံဆွေးနွေးပြီးနောက်အ ခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံရဲ့ ပိုင်နက် နဲ့ အချုပ်ခြာကို လေးစားပြီး ဖွံဖြိုးတိုးတက်အောင် ကူညီထောက်ပံပေးသွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးကပြောခဲ့ပါတယ်။

တရုတ် နဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ဟာအကောင်းဆုံးအခြေနေမှာရှိနေပြီး တရုတ်နိုင်ငံ ဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်ဖို့ဆန္ဒရှိနေကျပြီး နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှုနဲ့ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှု နဲ့ အပြန်လှန်ဖလှယ်မှုတွေလုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)