ေကာင္းမႈေတာ္ ေစတီေတာ္ႀကီး ထံုသကၤန္း ျပန္ကပ္ေရး ေဆြးေႏြး

0
2456

အရင္ အစိုးရလက္ထက္မွာ ေရႊေရာင္ သုတ္ခဲ့တဲ့ ေကာင္းမႈေတာ္ ေစတီေတာ္ႀကီးကို မူလအတိုင္း ထံုသကၤန္း ျပန္ကပ္ေရးအတြက္ ညွိႏိႈင္းစည္းေဝးပြဲကို စစ္ကိုင္းၿမိဳ႕မွာ ဇန္နဝါရီ ၁၁ ရက္ေန႔က ပိုးတန္းရက္ကြက္၊ ၿမိဳ႕လယ္ ဓမၼာ႐ံုမွာ က်င္းပခဲ့ပါတယ္။

ေရႊေဆးကေန ထံုးသကၤန္း ျပန္ကပ္လႉေရးမွာ ႏိုင္ငံေရးမပါေၾကာင္း၊ အမ်ားျပည္သူ ဆႏၵအရသာ ျဖစ္ေၾကာင္း ၿမိဳ႕မိၿမိဳ႕ဖ အတြင္းေရးမႉး ဦးေဇာ္ဝင္းက ေျပာပါတယ္။ ညွိႏိႈင္းေဆြးေႏြးပြဲကို စစ္ကိုင္းရွိ ေက်းရြာေတြက လူမႈေရးအသင္းအဖြဲ႔ေတြ၊ စိတ္ပါဝင္စားသူေတြ အေယာက္ ၃၀၀ ေက်ာ္ တက္ေရာက္ကာ ဆႏၵျပဳ လက္မွတ္ေတြ ေရးထိုးေပးၾကပါတယ္။

၂၀၁၇ ခုႏွစ္ ျပည္သူ႔လႊတ္ေတာ္မွာ စစ္ကိုင္းၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္သိန္းက ေမးျမန္းခဲ့မႈနဲ႔ ပတ္သက္ၿပီး ေရႊေဆးသက္တမ္း ကုန္ဆံုးရင္ ၾသဝါဒါစရိယ ဆရာေတာ္ႀကီးေတြရဲ႕ ဆႏၵနဲ႔ အညီ ေဒသခံေတြနဲ႔ ညွိႏိႈင္းၿပီး ထံုးသကၤန္း ကပ္လႉပူေဇာ္ဖို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီး သူရဦးေအာင္ကိုက ေျဖၾကားခဲ့ဖူးပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကောင်းမှုတော် စေတီတော်ကြီး ထုံသင်္ကန်း ပြန်ကပ်ရေး ဆွေးနွေး

အရင် အစိုးရလက်ထက်မှာ ရွှေရောင် သုတ်ခဲ့တဲ့ ကောင်းမှုတော် စေတီတော်ကြီးကို မူလအတိုင်း ထုံသင်္ကန်း ပြန်ကပ်ရေးအတွက် ညှိနှိုင်းစည်းဝေးပွဲကို စစ်ကိုင်းမြို့မှာ ဇန်နဝါရီ ၁၁ ရက်နေ့က ပိုးတန်းရက်ကွက်၊ မြို့လယ် ဓမ္မာရုံမှာ ကျင်းပခဲ့ပါတယ်။

ရွှေဆေးကနေ ထုံးသင်္ကန်း ပြန်ကပ်လှူရေးမှာ နိုင်ငံရေးမပါကြောင်း၊ အများပြည်သူ ဆန္ဒအရသာ ဖြစ်ကြောင်း မြို့မိမြို့ဖ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောပါတယ်။ ညှိနှိုင်းဆွေးနွေးပွဲကို စစ်ကိုင်းရှိ ကျေးရွာတွေက လူမှုရေးအသင်းအဖွဲ့တွေ၊ စိတ်ပါဝင်စားသူတွေ အယောက် ၃၀ဝ ကျော် တက်ရောက်ကာ ဆန္ဒပြု လက်မှတ်တွေ ရေးထိုးပေးကြပါတယ်။

၂၀၁၇ ခုနှစ် ပြည်သူ့လွှတ်တော်မှာ စစ်ကိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက မေးမြန်းခဲ့မှုနဲ့ ပတ်သက်ပြီး ရွှေဆေးသက်တမ်း ကုန်ဆုံးရင် သြဝါဒါစရိယ ဆရာတော်ကြီးတွေရဲ့ ဆန္ဒနဲ့ အညီ ဒေသခံတွေနဲ့ ညှိနှိုင်းပြီး ထုံးသင်္ကန်း ကပ်လှူပူဇော်ဖို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး သူရဦးအောင်ကိုက ဖြေကြားခဲ့ဖူးပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)