
0
2110




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ပုသိမ်မှာ ဝေလငါး အသေတစ်ကောင် သောင်တင်

ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ အမှတ် (၂) ရပ်ကွက် ကမ်းခြေမှာ မနေ့က ဇန်နဝါရီ ၁၂ ရက်နေ့မှာ ဝေလငါး အသေတစ်ကောင် သောင်တင်နေတာ တွေ့ရှိခဲ့ကြပါတယ်။

ငါးလုပ်ငန်းဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်မြေရဲစခန်းတို့ လာရောက် စစ်ဆေးခဲ့ကြပြီး ဝေလငါးက အထီးဖြစ်ပြီး အရှည်ပေ ၂၀၊ လုံးပတ် ၉ ပေ၊ ဆူးတောင် ၂၅ လက်မ၊ အမြီးအရှည် ၄ ပေနဲ့ အလေးချိန် ပိဿာချိန် ၁၅၀ ခန့် ရှိပါတယ်။

ဝေလငါး အသေကို အမှတ် (၂) ရပ်ကွက် မြေလွတ်နေရာမှာ မြှုပ်နှံမှာ ဖြစ်ပြီး အရိုးကိုတော့ ငါးလုပ်ငန်း ဦးစီးဌာနက ရယူဖို့ စီစဉ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)