ေနရပ္ျပန္မယ့္ ဒုကၡသည္ေတြ အတြက္ ဂ်ပန္က ေဒၚလာ ၃ သန္း လႉမယ္

0
2087

မၾကာမီျပန္ေရာက္လာေတာ့မယ့္ ထြက္ေျပး တိမ္းေရွာင္သူေတြ လက္ခံေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးအတြက္ အေရးေပၚ အကူအညီအေနနဲ႔ ထြက္ေျပးတိမ္းေရွာင္သူေတြရဲ႕ လူေနမႈဘဝမွာ မရွိမျဖစ္ လိုအပ္တဲ့ ကုန္ပစၥည္းေတြအတြက္ ဂ်ပန္ အစိုးရက အေမရိကန္ ေဒၚလာ ၃ သန္း လႉမွာ ျဖစ္ပါတယ္။

အေမရိကန္ ေဒၚလာ ၃ သန္းကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာ ခ်ထားေရး ဝန္ႀကီးဌာနက တစ္ဆင့္ လႉမယ္လို႔ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာ တို႐ို ကိုႏိုက ေျပာပါတယ္။

ဒါ့အျပင္ ဂ်ပန္ႏိုင္ငံအစိုးရက အျပည္ျပည္ဆိုင္ရာ အဖြဲ႔အစည္းေတြက တစ္ဆင့္လည္း ရခိုင္ျပည္နယ္ရွိ ျပည္သူမ်ားအတြက္ အေရးေပၚ အကူအညီေတြ ေပးအပ္မွာျဖစ္ၿပီး အနာဂတ္မွာလည္း ဆက္လက္ ေဆာင္ရြက္သြားမယ္လို႔ ဂ်ပန္ ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာပါတယ္။  

ဂ်ပန္-ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္အရ ငါးႏွစ္အတြင္း ယန္း ဘီလီယံ ၈ဝဝ တန္ဖိုးရွိတဲ့ အကူအညီေတြေပးမယ့္ သေဘာတူညီခ်က္လည္း ရွိပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်ပြန်မယ့် ဒုက္ခသည်တွေ အတွက် ဂျပန်က ဒေါ်လာ ၃ သန်း လှူမယ်

မကြာမီပြန်ရောက်လာတော့မယ့် ထွက်ပြေး တိမ်းရှောင်သူတွေ လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် အရေးပေါ် အကူအညီအနေနဲ့ ထွက်ပြေးတိမ်းရှောင်သူတွေရဲ့ လူနေမှုဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေအတွက် ဂျပန် အစိုးရက အမေရိကန် ဒေါ်လာ ၃ သန်း လှူမှာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ၃ သန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနက တစ်ဆင့် လှူမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တိုရို ကိုနိုက ပြောပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံအစိုးရက အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေက တစ်ဆင့်လည်း ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ် အကူအညီတွေ ပေးအပ်မှာဖြစ်ပြီး အနာဂတ်မှာလည်း ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ငါးနှစ်အတွင်း ယန်း ဘီလီယံ ၈ဝဝ တန်ဖိုးရှိတဲ့ အကူအညီတွေပေးမယ့် သဘောတူညီချက်လည်း ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)