ရန္ကုန္-ေတာင္ငူ ရထား ခရီးစဥ္ကို ၃ နာရီခြဲနဲ႔ အေရာက္ ေျပးဆြဲႏိုင္ေအာင္ ဂ်ပန္ စီစဥ္ေန

0
2233

ရန္ကုန္-ေတာင္ငူၾကား ရထားလမ္းကို တစ္နာရီ ကီလိုမီတာ ၁၀၀ အထိ ေျပးဆြဲၿပီး လက္ရွိ ၇ နာရီ ေျပးဆြဲေနရာကေန ၃ နာရီခြဲနဲ႔ ေရာက္ေအာင္ ေျပးဆြဲႏိုင္တဲ့ ရထားတြဲသစ္ေတြ တပ္ဆင္ေျပးဆြဲဖို႔ ဂ်ပန္က စီစဥ္ေနပါတယ္။

၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ မတိုင္မီ အဲဒီလို ေျပးဆြဲႏိုင္ေအာင္ ရည္ရြယ္ထားတယ္လို႔ ျမန္မာႏိုင္ငံကို ေရာက္ရွိေနတဲ့ ဂ်ပန္ ႏိုင္ငံျခားေရးဝန္ႀကီး တာ႐ို ကိုႏိုက ေၾကးမံုသတင္းစာနဲ႔ အင္တာဗ်ဴးမွာ ေျပာပါတယ္။

၂၀၂၃ ခုႏွစ္မွာ မႏၱေလးအထိ ေျပးဆြဲႏိုင္ဖို႔ ရည္ရြယ္ထားၿပီး ၈ နာရီနဲ႔ ေရာက္ရွိႏိုင္မွာ ျဖစ္ပါတယ္။ နံပါတ္ (၁) စီးပြားေရးၿမိဳ႕ေတာ္ျဖစ္တဲ့ ရန္ကုန္နဲ႔ နံပါတ္ (၂) စီးပြားေရး ၿမိဳ႕ေတာ္ျဖစ္တဲ့ မႏၱေလးတို႔ ကုန္စည္စီးဆင္းမႈနဲ႔ ျပည္သူေတြ ခရီးသြားလာမႈ ပိုမိုျမန္ဆန္ကာ စီးပြားေရး ဖြံ႔ၿဖိဳးတိုးတက္မႈ အရွိန္အဟုန္ကို တြန္းပို႔ေပးႏိုင္မယ္လို႔ ဝန္ႀကီး တာ႐ို ကိုႏိုက ေျပာပါတယ္။

အခု အစီအစဥ္ဟာ ဂ်ပန္-ျမန္မာ ပူးေပါင္းေဆာင္ရြက္ေရး အစီအစဥ္အရ ငါးႏွစ္အတြင္း ယန္း ဘီလီယံ ၈ဝဝ တန္ဖိုးရွိတဲ့ အကူအညီေတြထဲက တစ္စိတ္တစ္ပိုင္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရန်ကုန်-တောင်ငူ ရထား ခရီးစဉ်ကို ၃ နာရီခွဲနဲ့ အရောက် ပြေးဆွဲနိုင်အောင် ဂျပန် စီစဉ်နေ

ရန်ကုန်-တောင်ငူကြား ရထားလမ်းကို တစ်နာရီ ကီလိုမီတာ ၁၀ဝ အထိ ပြေးဆွဲပြီး လက်ရှိ ၇ နာရီ ပြေးဆွဲနေရာကနေ ၃ နာရီခွဲနဲ့ ရောက်အောင် ပြေးဆွဲနိုင်တဲ့ ရထားတွဲသစ်တွေ တပ်ဆင်ပြေးဆွဲဖို့ ဂျပန်က စီစဉ်နေပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ မတိုင်မီ အဲဒီလို ပြေးဆွဲနိုင်အောင် ရည်ရွယ်ထားတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုက ကြေးမုံသတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

၂၀၂၃ ခုနှစ်မှာ မန္တလေးအထိ ပြေးဆွဲနိုင်ဖို့ ရည်ရွယ်ထားပြီး ၈ နာရီနဲ့ ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။ နံပါတ် (၁) စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်နဲ့ နံပါတ် (၂) စီးပွားရေး မြို့တော်ဖြစ်တဲ့ မန္တလေးတို့ ကုန်စည်စီးဆင်းမှုနဲ့ ပြည်သူတွေ ခရီးသွားလာမှု ပိုမိုမြန်ဆန်ကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို တွန်းပို့ပေးနိုင်မယ်လို့ ဝန်ကြီး တာရို ကိုနိုက ပြောပါတယ်။

အခု အစီအစဉ်ဟာ ဂျပန်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ငါးနှစ်အတွင်း ယန်း ဘီလီယံ ၈ဝဝ တန်ဖိုးရှိတဲ့ အကူအညီတွေထဲက တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)