ငလ်င္ေၾကာင့္ ပန္းေတာင္းမွာ ဘုန္းႀကီးေက်ာင္း အုတ္တံတိုင္း ၿပိဳက်ခဲ့

0
2174

မေန႔က ဇန္နဝါရီ ၁၂ ရက္ေန႔မွာ လႈပ္သြားတဲ့ ငလ်င္ေၾကာင့္ ပဲခူးတိုင္း၊ ပန္းေတာင္းၿမိဳ႕နယ္၊ စမ္းဝေက်းရြာရွိ ပ႑ိတာရာမ ဘုန္းႀကီးေက်ာင္း အုတ္တံတိုင္း အခန္း ၁၃ ခန္း ၿပိဳက်ခဲ့ပါတယ္။

ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕ အေနာက္ဘက္ ၂၄ မိုင္အကြာ ပဲခူး႐ိုးမကို ဗဟိုျပဳၿပီး ျပင္းအား ပမာဏ ၆.၀ ရွိ ငလ်င္ ဇန္နဝါရီ ၁၂ ရက္ မနက္ ၁ နာရီ မထိုးခင္မွာ လႈပ္ခတ္သြားခဲ့တာ ျဖစ္ပါတယ္။ ငလ်င္လႈပ္ၿပီး မိနစ္အနည္းငယ္ အၾကာမွာ ျပင္းအား ပမာဏ ၅.၃ နဲ႔ ၄.၆ ၾကားရွိ ေနာက္ဆက္တြဲ ငလ်င္ ၃ ခု ထပ္လႈပ္ခဲ့ပါတယ္။

ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး၊ ေက်းရြာ အုပ္ခ်ဳပ္ေရးမႉးနဲ႔ ရပ္မိရပ္ဖေတြ ေတြ႔ဆံုၿပီး အုတ္တံတိုင္း ျပန္လည္ တည္ေဆာက္ေပးေရး ေဆြးေႏြးခဲ့ၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငလျင်ကြောင့် ပန်းတောင်းမှာ ဘုန်းကြီးကျောင်း အုတ်တံတိုင်း ပြိုကျခဲ့

မနေ့က ဇန်နဝါရီ ၁၂ ရက်နေ့မှာ လှုပ်သွားတဲ့ ငလျင်ကြောင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ စမ်းဝကျေးရွာရှိ ပဏ္ဍိတာရာမ ဘုန်းကြီးကျောင်း အုတ်တံတိုင်း အခန်း ၁၃ ခန်း ပြိုကျခဲ့ပါတယ်။

ပဲခူးတိုင်း၊ ဖြူးမြို့ အနောက်ဘက် ၂၄ မိုင်အကွာ ပဲခူးရိုးမကို ဗဟိုပြုပြီး ပြင်းအား ပမာဏ ၆.ဝ ရှိ ငလျင် ဇန်နဝါရီ ၁၂ ရက် မနက် ၁ နာရီ မထိုးခင်မှာ လှုပ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။ ငလျင်လှုပ်ပြီး မိနစ်အနည်းငယ် အကြာမှာ ပြင်းအား ပမာဏ ၅.၃ နဲ့ ၄.၆ ကြားရှိ နောက်ဆက်တွဲ ငလျင် ၃ ခု ထပ်လှုပ်ခဲ့ပါတယ်။

မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေ တွေ့ဆုံပြီး အုတ်တံတိုင်း ပြန်လည် တည်ဆောက်ပေးရေး ဆွေးနွေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)