
0
2147


ဆာရီ အထည် ၂၁၀၀၊ တီရှပ်လက်ရှည် အထည် ၂၀၀၊ ပုဝါ ၃၂၀ ၊ စတီးဟင်းအုပ် အဖုံးပါ ၅၆၄ ခု၊ စတီး ထမင်းစားပန်းကန် ၄၀၀ ချပ်၊ ကလေးအဝတ် ၅၂၄ ထည်နဲ့ ယောက်ျား အတွင်းခံ ၁၀၀၀ တို့ကို ရန်ကုန် တိုင်းဒေသကြီး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို လာရောက် လှူဒါန်းရာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပါတယ်။


>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ်ကို ပြန်လာမယ့် ဟိန္ဒူတွေအတွက် ပစ္စည်းတွေ ထောက်ပံ့လှူဒါန်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ်ကို ပြန်လာမယ့် ဟိန္ဒူဘာသာဝင် မိသားစုတွေနဲ့ ရခိုင်ပြည်နယ်ရှိ အကြမ်းဖက် ဘေးဒဏ်ခံ ဟိန္ဒူဘာသာဝင်တွေအတွက် မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်တွေက ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းပါတယ်။

ဆာရီ အထည် ၂၁၀ဝ၊ တီရှပ်လက်ရှည် အထည် ၂၀ဝ၊ ပုဝါ ၃၂၀ ၊ စတီးဟင်းအုပ် အဖုံးပါ ၅၆၄ ခု၊ စတီး ထမင်းစားပန်းကန် ၄၀ဝ ချပ်၊ ကလေးအဝတ် ၅၂၄ ထည်နဲ့ ယောကျာ်း အတွင်းခံ ၁၀ဝ၀ တို့ကို ရန်ကုန် တိုင်းဒေသကြီး၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနကို လာရောက် လှူဒါန်းရာ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပါတယ်။

မြန်မာနိုင်ငံက ဟိန္ဒူဘာသာဝင်တွေ လှူဒါန်းတဲ့ ပစ္စည်း စုစုပေါင်း တန်ဖိုးက ၁၉၅ သိန်းဖိုး ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်ကနေ ပထမဆုံးအသုတ်အဖြစ် ဟိန္ဒူဘာသာဝင်တွေ ရခိုင်ပြည်နယ်ကို နေရပ်ပြန်လာကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)