မလေးရှားမှာ မြန်မာတွေ တိုက်ခိုက်ခံရတဲ့အမှု အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိသေး

0
294

မလေးရှားနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အုပ်စုဖွဲ့တိုက်ခိုက်ခံရလို့ ငါးဦးသေဆုံးခဲ့တာ တစ်ပတ်ကြာပြီ ဖြစ်ပေမဲ့ တိုက်ခိုက်ရတဲ့အကြောင်းရင်းကိုတော့ ခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မလေးရှားနိုင်ငံ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

Malaysia

မလေးရှားနိုင်ငံ မြို့တော် ဆီလန်ဂါပြည်နယ်ထဲက ဆရီဆာဒန်းစက်မှုဇုန်ထဲမှာ ပြီးခဲ့တဲ့ အပတ် ဇန်နဝါရီ ၅ ရက်နေ့က မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အမည်မသိ လူလေးယောက်အုပ်စုက ဓားနဲ့ဝင်ခုတ်ခဲ့တဲ့အတွက် မြန်မာငါးဦး သေဆုံးခဲ့တာပါ။

Malaysia2

ဆီလန်ဂါပြည်နယ် စီအိုင်ဒီ အကြီးတန်းလက်ထောက်ကော်မရှင်နာ ဖာဇီလ်အာမတ်ကတော့ လက်ရှိမှာ ရဲတပ်ဖွဲ့က ဒီတိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းမြစ်ကို စုံစမ်းနေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၅ ရက်နေ့ညက တိုက်ခိုက်မှုမှာ မြန်မာနိုင်ငံသား ငါးဦးသေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း မြန်မာ ၇ ဦးကို ဇန်နဝါရီ ၅ ရက်နဲ့ ၆ ရက်တွေမှာ ထိန်းသိမ်းပြီး အမှုအတွက် မေးမြန်းခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့ကတော့ အသက် ၁၉ နှစ်ကနေ ၅၇ နှစ်ထိရှိတဲ့ အမျိုးသား ၁၅ ဦးကို ဆရီ ကမ်ဘန်ဂန်မြို့မှာ ခေါ်ယူစစ်ဆေးပြီး အမှုအတွက် စုံစမ်းနေတယ်လို့ ဖာဇီလ်အာမတ်က ပြောဆိုခဲ့ပါတယ်။ ခေါ်ယူထားသူတွေကို ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်နေ့အထိ ထိန်းသိမ်းထားပြီး သူတို့တွေထဲမှာ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံသားတွေ ပါဝင်ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)