ဖြူးမြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ကမ္ဘာလှည့်ခရီးသားနဲ့ ဒေသခံ ဆိုင်ကယ်ချင်းတိုက်မှု ဖြစ်ပွား

0
323

ပဲခူးတိုင်းဒေသကြီး ဖြူးမြိ့နယ်ထဲက ညောင်ပင်သာရဲတပ်ဖွဲ့စခန်းအပိုင် ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၃၆/၀ အနီးမှာ ဇန်နဝါရီ ၁၂ ရက်နေ့က ကမ္ဘာလှည့် ခရီးသွားမောင်းနှင်လာတဲ့ ဆိုင်ကယ်နဲ့ ဒေသခံတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်ချင်း ဝင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

Cycle

ဇန်နဝါရီ ၁၂ ရက်နေ့ နံ ၁၁ နာရီခွဲမှာ ကျိုက်ထိုဘက်ကနေ နေပြည်တော်ကို မောင်းနှင်လာတဲ့ ကမ္ဘာလှည့်ခရီးသွား ၁၇ ဦး စီးလာတဲ့ ဆိုင်ကယ် ၁၆ စီးထဲက ဗြိတိန်နိုင်ငံသား Mark John Frness (ပတ်စ်ပို့အမှတ် 208591859 ကိုင်ဆောင်သူ) မောင်းနှင်လာတဲ့ Honda CB 500-3 ဆိုင်ကယ်က ခွင့်ရက်ယူပြီး ပြန်လာတဲ့ စိုးဝင်းနဲ့ အမျိုးသမီးတစ်ဦး စီးနင်းလာတဲ့ လော်ဂျား အနက်ရောင်ဆိုင်ကယ်ကို ဝင်တိုက်မိခဲ့တာပါ။

Cycle3

“ဖြစ်တာကတော့ဗျာ လမ်းအလယ်မှာကို တိုက်တာ။ မျက်နှာချင်းဆိုင်ပေါ့။ နိုင်ငံခြားသားကတော့ အဝတ်အစားကအစ ပြည့်စုံတော့ ဘာမှမဖြစ်ဘူး။ ဒီကတစ်ယောက်ကတော့ ဆေးရုံရောက်သွားတယ်” လို့ ညောင်ပင်သာနယ်မြေရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆိုင်ကယ်စီးတဲ့ ကမ္ဘာလှည့်ခရီးသွား နိုင်ငံခြားသားအုပ်စုမှ ဗြိတိန်နိုင်ငံသား ၁၅ ယောက်၊ ကနေဒါ နိုင်ငံသား တစ်ယောက်၊ ထိုင်းနိုင်ငံသားတစ်ယောက်တို့ ပါဝင်ကြတာ ဖြစပြီး ဆိုင်ကယ် ၁၆ စီးနဲ့ကျိုက်ထိုမြို့နယ်ကနေ နံနက် ၇ နာရီကမှာစတင်တဲ့ နေပြည်တော် – ပုဂံ ခရီးစဉ်ဖြစ်ပါတယ်။

“အရှိန်ကတော နှစ်ဖက်လုံးများတယ်။ တိုက်တော့လည်း လမ်းအလယ်ခေါင်မှာဗျာ။ ဟိုက ဆိုင်ကယ်ကကြီးပြီး ဝတ်စုံပြည့်ဆိုတော့ ဘာမှမဖြစ်ဘူး။ ဒီဘက်ကတော့ ရှေ့ဘီးပါ ပြုတ်ထွက်သွားတယ်။ နှစ်ဖက်လုံး မှားတာ”လို့ လည်း မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။

အဲဒီဆိုင်ကယ်ဝင်တိုက်မှုအတွက် ဆိုင်ကယ်မောင်းသူ ကိုစိုးဝင်းမှာ နှာခေါင်းရိုးဖူးရောင် ပွန်းပဲ့ဒဏ်ရာ၊ ဘယ်ဒူးခေါင်းအောက် ပွန်းပြတ်ဒဏ်ရာ၊ ဦးခေါင်းထိပ်ဖူးရောင်ဒစ်ရာတွေ ရရှိသွားခဲ့ပြီး ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသလို နောက်လိုက် အမျိုးသမီးနဲ့ ဗြိတိန်နိုင်ငံသားတို့ကတော့ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။

လက်ရှိမှာတော့ အဲဒီ ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ညောင်ပင်သာရဲစခန်းက အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)