ယာဉ်နံပါတ်တွေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ လက်ကမ်းစာစောင် တစ်သန်း ဝေမယ်

0
278

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လာမယ့်ဇန်နဝါရီလ ၁၆ ရက်နေ့မှာစတင်ပြေးဆွဲတော့ မယ့်ယာဉ်လိုင်းတွေနဲ့ ပတ်သက်ပြီး ခရီးသည်တွေ အဆင်ပြေပြေနဲ့ သွားလာနိုင်အောင် ခရီးစဉ်တွေ ယာဉ်နံပတ်တွေနဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့လက်ကမ်းစာစောင်တစ်သန်း ရိုက်ထားပြီး ဝေငှသွားမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး ကပြောကြား လိုက်ပါတယ်။

15995578_1053087081484972_379904494_n

MCN သတင်းဌာနရဲ့ သီးခြားဆက်သွယ်မေးမြန်းမှုအပေါ်မှာ အခုလိုပြောကြား လိုက်တာပါ။ ဒါ့အပြင် လမ်းကြောင်းပြထားတဲ့ဘုတ်တွေကို လာမဲ့ ၁၅ ရက်နေ့မှာ အကုန်လိုက်ကပ်ထားမှာဖြစ်ပြီး၊ ခရီးသည်တွေစိတ်ပူပမ်မှုတွေအခက်အခဲတွေမရှိစေဖို့ စေတနာဝန်ထမ်း ဘော်လန်ဒီယာလုပ်မဲ့ လူငယ် သုံးထောင်ကျော်လောက်ကကားဂိတ်တွေမှာ ကိုယ့်မြို့နယ်တွေကကိုယ်စားလှယ်တွေရဲ့ အကူအညီတွေ၊ လူမှုရေးအဖွဲ့အစည်းက အကူအညီတွေ အပြင် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်တို့အပါအဝင် ကျောင်းသားလူငယ်တွေရဲ့ အကူအညီနဲ့ လုပ်သားပြည်သူခရီးသည်တွေကို လိုက်လံပြသကူညီကြမှာဖြစ်တယ်လို့ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)